သုံးရလွယ်ကူစေသည့် Link များ

နိုင်ကျဉ်းလွတ်မြောက်မှုနဲ့ မြန်မာနိုင်ငံရေး ရိုက်ခတ်ချက်


နိုင်ကျဉ်းလွတ်မြောက်မှုနဲ့ မြန်မာနိုင်ငံရေး ရိုက်ခတ်ချက်

ဇန်န၀ါရီ ၁၄၊ ၂၀၁၂။ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား အခုလို အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာကြောင့် မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက် ဂယက် ရိုက်ခတ်မှုရှိသလဲ ဆွေးနွေးထားပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းသံဃာတော်တွေ၊ စာနယ်ဇင်းသမားတွေ စတဲ့ နိုင်ငံရေးအကျဉ်းသားအများအပြား လွတ်မြောက်လာပါတယ်။အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား အခုလို လွတ်မြောက်လာတာကြောင့် မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက် ဂယက် ရိုက်ခတ်မှုရှိသလဲ ဆိုတာကို ဇန်န၀ါရီလ ၁၄ ရက်နေ့ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။


မကြာခင်ကပဲ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ AAPPB နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှုး ကိုတိတ်နိုင်တို့က အဓိက ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG