သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်


အိုဘားမားနိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်
အိုဘားမားနိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်

သမ္မတအိုဘားမားက သူ့ရဲ့စီးပွားရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး နှစ်ပတ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောဆိုဖို့ ရှိပါတယ်။

သမ္မတအိုဘားမားက သူ့ရဲ့စီးပွားရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး နှစ်ပတ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောဆိုဖို့ ရှိပါတယ်။ အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးရှေ့မှောက်မှာ သမ္မတအိုဘားမားက နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဒီနေ့ အင်္ဂါနေ့ညဘက်မှာ ပြောဆိုမှာပါ။

ပညာရေး၊ ပတ်ဝန်းကျင်မညစ်ညမ်းစေတဲ့ သန့်ရှင်းတဲ့စွမ်းအင်နဲ့ စက်မှုလုပ်ငန်းတွေအပါအဝင် ရေရှည် တည်တံ့မယ့် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်သွားမယ့် အစီအစဉ်ကို သမ္မတအိုဘားမားက သူ့ကို ထောက်ခံသူတွေကို မနေ့က ဗီဒီယိုကနေမိန့်ခွန်းပြောဆိုလိုက်တာပါ။ ဒီအစီအစဉ်အားလုံးဟာ နိုင်ငံရဲ့ လူလတ်တန်းစားတွေအတွက် အကျိုးရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်စီးပွားရေးဟာ အကြီးအကျယ်ခြားနားတဲ့ အစွန်း နှစ်ဘက်နဲ့ရင်ဆိုင်နေရကြောင်း၊ တဘက်မှာ အခွင့်အလမ်း နည်းနေသလို မျှတမှုလည်းနည်းပါးနေပြီး တခြားတဘက်မှာတော့ ချမ်းသာတဲ့ လူနည်းစု အတွက်သာမဟုတ်ဘဲ အားလုံးအတွက်အလုပ်ဖြစ်မယ့် စီးပွားရေးပုံစံဖြစ်ဖို့ လိုကြောင်း သမ္မတအိုဘားမား က ရှင်းပြသွားပါတယ်။

သမ္မတအိုဘားမားရဲ့ သမ္မတသက်တမ်းမှာ ၃ ကြိမ်မြောက်အဖြစ်ပြောဆိုမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းကို အသုံးချပြီး သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလီကန်တွေအကြား ခြားနားချက်တွေကို မီးမောင်းထိုးပြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG