သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်
ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပြီး မြန်မာသမ္မတနဲ့ တွေ့ဆုံ

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ သူ့ကိုကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်နဲ့ ပညာရေးဝန်ကြီး ဦးမြအေးတို့က လေဆိပ်မှာကြိုဆိုခဲ့ကြပါတယ်။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။ ပါကစ္စတန် နိုင်ငံကို အာစီယံအသင်းနဲ့ အပြည့်အ၀ ဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ရေးကိစ္စကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ မနက်ဖြန်ကျရင်တော့ ပါကစ္စတန်သမ္မတ ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါလိမ့်မယ်။ ပြီးရင် သတင်းစာရှင်းလငးပွဲလည်း လုပ်ပါလိမ့်မယ်။

ပါကစ္စတန်သမ္မတနဲ့အတူ သူ့ရဲ့ သားနဲ့သမီးလည်း မြန်မာပြည်ကို လိုက်ပါလာခဲ့ကြတာပါ။ သမ္မတ Zardari ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီမှာ သူ့ရဲ့သား Bilawal Zardari Bhutto က ဥက္ကဋ္ဌ ပါ။ ၂၀၀၇ ခုနှစ် မှာ လုပ်ကြံခံရလို့ သေဆုံးခဲ့ရတဲ့ သမ္မတ Zardari ရဲ့ ဇနီး ဝန်ကြီးချုပ်ဟောင်း ဘနီဇီယာဘူတိုဟာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့သူတဦးပါ။ ပါကစ္စတန်ပြည်သူ့ပါတီက ဘနီဇီယာဘူတိုရဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ် ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာပါ။

ပါကစ္စတန် သမ္မတ Zardari ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုတ်ဂူကိုလည်း သွားပြီး ဂါရဝပြုဖို့ ရှိပါတယ်။



This item is part of
XS
SM
MD
LG