ဇန်န၀ါရီ ၂၁၊ ၂၀၁၂။ အသင်းအပင်း သမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားနိုင်ခွင့်ဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံ စံနှုန်းတန်ဖိုးတရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်မယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ တနေ့နေ့ တချိန်တချိန် သမဂ္ဂတွေ တရားဝင် ရပ်တည်လှုပ်ရှားပိုင်ခွင့်၊ လှုပ်ရှားနိုင်တဲ့ အခြေအနေ၀န်းကျင်ရှိရမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာရော ကျောင်းသားသမဂ္ဂတွေ ဘယ်လောက် လှုပ်ရှားဆောင်ရွက်နိုင်ခွင့်ရှိသလဲ၊ တရားဝင် ရပ်တည်နိုင်ခွင့် အလားအလာ ဘယ်လောက်ရှိမလဲ အခုသတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ တာဝန်ရှိသူ ကျောင်းသားခေါင်းဆောင်တွေနဲ့ သုံးသပ်ဆွေးနွေးကြဖို့ ရှိပါတယ်။
မကြာခင်က အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ အထွေထွေအတွင်းရေးမှုး မဖြိုးဖြိုးအောင်တို့က ပင်တိုင် ဆွေးနွေးထားကြပါတယ်။