သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်


အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်
အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်

သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေးသမားတွေက ဧပြီလမှာ ကျင်းပမည့် ရွေးကောက်ပွဲ တွေ လွတ်လပ်မျှတသင့်တယ်ဆိုတာကို လက်ခံထား တယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည် ကပြောလိုက်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိအာဏာရ ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တခြားပါတီတွေထဲမှာ NLD ပါတီပါဝင် အရွေးခံမှာကို ဆန့်ကျင်သူ တွေ၊ ရွေးကောက်ပွဲကို မျှမျှတတမဖြစ်စေချင် သူတွေလည်းရှိနိုင်ပါတယ်လို့ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

နော်ဝေးနိုင်ငံဘက်ကတော့ မြန်မာနိင်ငံမှာ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးမှုရှိရေးတို့ အတွက် တတ်နိုင်သမျှ ကူညီ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က သတင်း ပို့ထားပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် သုံးသပ်ချက်ကို သိရဖို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်၊ တွေ့ဆုံအပြီးသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတနိုင်တဲ့ ဖြစ်နိုင်ချေ ခိုင်ခိုင်မာမာ ရှိနေတယ်လို့ ထင်မြင်တဲ့ အကြောင်း ဒါပေမဲ့ ဒီရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် မဖြစ်စေချင်သူတွေ ရှိနိုင်တဲ့အကြောင်း ခုလို ပြောသွားခဲ့ပါတယ်၊

“သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့အတွင်းက ပြုပြင်ပြောင်းလဲရေးသူတွေက ရွေးကောက်ပွဲဟာ လွတ်လပ်မျှတ သင့်တယ်လို့ လက်ခံထားကြတယ်လို့ ယုံကြည်ပါတယ်၊ ဒါပေမဲ့လည်း ကျွန်မတို့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ကိုဆန့်ကျင်သူတွေ ဥပမာ အားဖြင့် ကြံခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာရော တခြားပါတီတွေထဲမှာပါ ရှိနေမယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေလည်းရှိပါတယ်။”

သူတို့ အနေနဲ့ လွတ်လပ်မျှတတဲ့ ရွေေးကာက်ပွဲ သိပ်ဖြစ်စေချင်မှာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွား တာဖြစ်ပါတယ်၊ ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖော်ဆောင်ဖို့အတွက် စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ခုလိုပြောခဲ့ ပါတယ်။

“ဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့သွားမယ်ဆိုရင် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လို ကို လိုအပ်တယ်ဆိုတာကိုကျွန်မ ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ၊ ဒီပူးပေါင်းဆောင်ရွက်မှုကအောင် မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ပူးပေါင်းဆောင်ရွက်လို့ အနှုတ်လက္ခဏာတုန့်ပြန်မှုတွေရှိမယ်ဆိုပြီး ကျွန်မ စိတ်ပူတယ်လို့ ပြောလို့ မရပါဘူး၊ ဒါပေမဲ့ တပ်မတော်ထဲမှာ အပြောင်းအလဲလုပ်ဖို့ သိပ်စိတ်ဆန္ဒ မရှိကြသူ တွေလည်း ရှိနေနိုင်တာကို ကျွန်မတို့ စိုးရိမ်ပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဘာကြောင့် လိုအပ်တယ်၊ ပြုပြင်ပြောင်းလဲမှုတွေက ဘယ်ကို ဦးတည်တယ်ဆိုတာ အသေအချာသိသွားရင် တပ်မတော်ကလည်း ဒီလုပ်ငန်းစဉ်တွေထဲမှာ သိပ်ကို ပူပေါင်းဆောင်ရွက်ချင်စိတ် တွေရှိလာမယ်ဆိုတာ ကျွန်မယုံကြည်လက်ခံ ထားပါတယ်။”

မြန်မာနိုင်ငံက ဖြစ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အမြင်သဘောထား မှတ်ချက်ပေးတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ Norway နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre ပြောပြီး နော်ဝေးနိုင်ငံအနေနဲ့ တတ်နိုင်သလောက် ကူညီသွားမယ်လို့ ပြောပါတယ်၊

ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းရေး၊ ဥပဒေစိုးမိုးမှုရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်မှု ရှိရေးတွေ အတွက် နော်ဝေးနိုင်ငံက တတ်နိုင်သမျှ အားပေးထောက်ခံသွားမယ်ဆိုတာကို နော်ဝေးနိုင်ငံခြားရေးဝန်ကြီး က ပြောသွားပါတယ်၊ ကမ္ဘာတဝန်နိုင်ငံတွေမှာ ပြန်လည်သင့်မြတ်ရေး ရရှိဖို့ ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေ အားလုံးဆီက အထူးသဖြင့် ဒီကိစ္စပိုင်းမှာ အများဆုံး အကူအညီပေးနေတဲ့ နော်ဝေးနိုင်ငံဆီက အတွေ့အကြုံ တွေကို ရယူချင်တဲ့အကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပိတ်ဆို့ ဒဏ်ခတ်မှုနဲ့ ပါတ်သက်လို့တော့ ပိတ်ဆို့မှု အားလုံးဖယ်ရှားသင့် မသင့် ရွေးကောက်ပွဲပြီးတဲ့ အထိ စောင့်ဖို့ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ယေဘူယျသဘောထားရှိကြတာနဲ့ ပါတ်သက်လို့ မှန်ကန်သင့်တော်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်က ပြောသွားပါတယ်။

ဒါပေမဲ့ မကြာခင်ကမှ မြန်မာနိုင်ငံအပေါ် နော်ဝေးက စီးပွားရေးအရ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တာကိုတော့ တစုံတရာမှတ်ချက်ပေး ပြောမသွားခဲ့ပါဘူး၊ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ထဲက ရောက်လာတဲ့ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့ ပါတယ်၊ ဒီနေ့မှာတော့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးစာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ စီးပွားရေးဆိုင်ရာ သမ္မတ အကြံပေးဦးမြင့်အပါအဝင် ပညာရှင်တချို့ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG