သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ နှေးကွေးလွန်းနေလား


ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ နှေးကွေးလွန်းနေလား

ဇန်န၀ါရီ ၂၈၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် အရင် စစ်အစိုးရအောက်မှာ ရှိပြီးသား ဥပဒေအတော်များများကို ပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို မြန်မာလူထုရော အာဏာပိုင်တွေရော သဘောပေါက်ထားပြီးသား ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အတော်များများကတော့ အခု ပြုပြင်ပြောင်းလဲမှုလုပ်ရာမှာ အခုလို ခေတ်နဲ့မဆီလျော်တော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ဥပဒေပြင်ဆင်ချက် ထုတ်ပြန်တာ၊ ဥပဒေသစ်ပြဌာန်းတာတွေလုပ်ဖို့ အတော်လေး နှေးကွေးနေတယ်လို့ ဝေဖန်နေကြပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အထူးသက်ဆိုင်ပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ချက်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ အရှိန်အဟုန် ရနေပြီလဲ၊ ဒီလိုဆောင်ရွက်ရာမှာ ဘယ်လို စိန်ခေါ်အကဲစမ်းချက်တွေ ရှိနေလဲဆိုတာ အခု တိုက်ရိုက်လေလှိုင်းမှာ ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဆွေးနွေးပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ တဦးကတော့ ဗဟိုတရားရုံးချုပ်ရှေ့နေလည်းဖြစ်၊ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသိန်းညွန့်၊ နောက်တဦးကတော့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းတို့ဖြစ်ကြပါတယ်။ ဒီအကြောင်းဆွေးနွေးဖို့ သီးခြားဖိတ်ခေါ်ထားသူ နောက်တဦးကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖြစ်ပါတယ်။

ဆွေးနွေးချက်အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

XS
SM
MD
LG