သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မန္တလေးလူထုနဲ့တွေ့ဆုံဖို့ နေရာအခက်အခဲရှိ


اس جوہری توانائی پلانٹ کی حفاظت کے لیے یہاں 18 میٹر بلند اور 1.6 کلومیٹر طویل دیوار بنائی گئی ہے۔
اس جوہری توانائی پلانٹ کی حفاظت کے لیے یہاں 18 میٹر بلند اور 1.6 کلومیٹر طویل دیوار بنائی گئی ہے۔

မန္တလေးကို တညအိပ်သွားမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ် အတွင်း ဗထူးအားကစားကွင်းမှာ ပြည်သူလူထုကို တွေ့ဆုံမိန့်ခွန်းပြောဖို့ စီစဉ်ထားပေမဲ့ ကွင်းငှားလို့ မရတဲ့အတွက် ဒီအစီအစဉ်ကို ဖျက်လိုက်ရပါတယ်။ လက်ရှိ ကွင်းပိုင်ရှင် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ မန္တလေး တိုင်း ရွေးကောက်ပွဲကော်မရှင်တို့ကြား ကွင်းငှားရမ်းခွင့်ကို အပြန်အလှန် တာဝန်လွှဲနေကြလို့ ဖြစ်တယ်လို့ ဒီပွဲဖြစ်ဖို့ စီစဉ်နေသူ NLD အဖွဲ့ဝင် တွေက ပြောပါတယ်၊ အခုတော့ ဗထူးကွင်းအစား မန္တလေးတောင်ခြေ အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုတွေ့ဆုံပွဲလုပ်နိုင်ဖို့ ကြိုးစား စီစဉ်နေကြတဲ့အကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်ကသတင်းပို့ထားပါတယ်။

ဖေဖေါ်ဝါရီလ ၄ ရက်နဲ့ ၅ ရက်၊ လာမယ့်စနေ၊ တနင်္ဂနွေနေ့တွေမှာ ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန် စုကြည် မန္တလေးမြို့ကို သွားတဲ့အခါ မြို့ခံပြည်သူတွေနဲ့ တွေ့ဆုံ ဟောပြောနိုင်ဖို့အတွက် ဗထူးဘောလုံးကွင်း ကို မန္တလေးတိုင်း NLD အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ငှားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဗထူးဘောလုံးကွင်းကို စနေနေ့အတွက် ငှားရမ်းနိုင်ဖို့ မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်ဆီမှာရော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ဆီမှာပါ ခွင့်ပြုချက်ကို တောင်းခဲ့ပေမဲ့ အဆင်မပြေဘူးလို့ မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ကိုမျိုးနိုင်က VOA ကိုပြောပါတယ်၊ ဗထူးကွင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အနှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းထားတာမို့ လက်ရှိကွင်းပိုင်ရှင်ဖြစ်နေတဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆီမှာပါ ခွင့်တောင်းရတာဖြစ်ပါတယ်၊

“တိုင်းရွေးကောက်ပွဲကော်မရှင်က ဟောပြောခွင့်ဘာညာကတော့ သူတို့ဘက်ကဘာမှအတားအဆီးမရှိပါဘူး။ ဒါပေမဲ့ ကွင်းအသုံးပြုဖို့ကတော့ ကွင်းပိုင်ရှင်များရဲ့ ပါမစ်ရှင်ပေါ့၊ အဲဒါပေါ်မှာ မူတည်ပြီးပေးမှာပါ ဆိုပြီး ပြောပါတယ်။ ဘောလုံး ကွင်းကသာ ခွင့်ပြုရင် ကျနော်တို့ရပါမယ်လို့ပြောတဲ့အခါကျတော့ ဥပမာ ရန်ကုန်မှာ Max ဦးဇော်ဇော်နဲ့ တွေ့ကြတဲ့အခါ အများကပြောတဲ့အခါကျတော့ Max ဦးဇော်ကလည်း ကော်မရှင်ကိုဘဲ သွားပါလို့ အကြောင်းကြားတဲ့အတွက် ဟိုဘက်ဒီဘက် လွှဲချတဲ့သဘောမျိုးဖြစ်နေပါတယ်။ ဒီနေ့ထိ ဗထူး အားကစားကွင်းကမရပါဘူး။ အဲတော့ ကျနော်တို့ မန်းတောင်ခြေမှာရှိတဲ့ မြင်းပြိုင်ကွင်းအဟောင်းနေရာကို ကျနော်တို့ ထပ်ကြိုးစားနေပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်စဖို့ ရက်ပိုင်းသာ လိုတော့ပေမဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံ ဟောပြော နိုင်ဖို့ တောင်ခြေ အားကစားကွင်း ရ မရဆိုတာကိုလဲ မသေချာသေးပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ နေရာတိုင်းမှာ သူ့ကို တွေ့ချင်ကြသူတွေအမြောက်အမြားရှိနေတဲ့အတွက် အားလုံးကို စနစ်တကျ တွေ့ခွင့်ပေး နိုင်ဖို့ ဘောလုံးကွင်းကို စီစဉ်ရတာဖြစ်တယ်လို့ ဆိုပါတယ်၊

“ဗထူူကွင်းကို အသုံးပြုဖို့တောင်းထားရင်း လမ်းပိတ်ဆို့မှုမဖြစ်အောင် နံပါတစ် အချက်က ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့လိုဇောနဲ့ တိုးဝှေ့ကြတဲ့အခါမှာ ထိခိုက်အန္တရာယ်မဖြစ်စေချင်ဘူး၊ နောက် တခုက လုံခြုံရေးရှုဒေါင့်ကလည်း ဒီလိုနေရာမှာ စံနစ်တကျနဲ့ ပဂိဿတ်ကို ထိန်းထားနိုင်မယ့်ဟာမျိုး စတဲ့ သုံးချက်ပေါ်မှာ မူတည်ပြီးတော့ ဗထူးအားကစားပြိုင်ကွင်းကြီးလို ကွင်းတကွင်းမှာ စံနစ်တကျ ဆောင်ရွက်ချင် တဲ့အတွက် ကြိုတင် ပြီးတော့အကြောင်းကြားခြင်းဖြစ်ပါတယ်။”

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ဝင်ရောက်ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်တိုင်းကို သွားရောက်ပြီး ပါတီအတွက် စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့ကို တည အိပ်ခရီးသွား မှာဖြစ်ပါတယ်၊ သူ့ရဲ့ မန္တလေးခရီးစဉ်နဲ့ ပါတ်သက်လို့ လောလောဆယ် စီစဉ်ထားတာကို မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ကိုမျိုးနိုင်က ခုလို ပြောပြပါတယ်၊

“ကျနော်တို့ စီစဉ်ထားတဲ့ အစီအစဉ်ကတော့ လာလာခြင်းမှာ ဓမ္မသာလာမှာရှိတဲ့ ပွင့်သစ်လယ်မြေ ပန်းချီပြပွဲ ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖွင့်မယ်။ ခုနက လူထုနဲ့တွေ့နိုင်ဖို့ ယာယီရည်ရွယ်ထားတာတော့ မန်းတောင်ရိပ် အားကစားကွင်းကို ရည်ရွယ်ထားတာ။ အဲဒါတွေ့ပြီးရင်တော့ ၄ ရက်နေ့ မနက်ခရီးစဉ်က တော့ပြီးသွားပြီပေါ့နော်။ ၅ ရက်နေ့မှာတော့ မဟာအောင်မြေရုံးပေါ့နော၊ ဦးအုန်းကြိုင် ဝင်ရောက် ယှဉ်ပြိုင် မယ့် မဟာအောင်မြေမြို့နယ်ရုံးကို ဖွံ့ပါမယ်ခင်ဗျ။ အဲဒါပြီးရင်တော့ အမရသုခဆေးခန်း တောင်မြို့မှာရှိတဲ့ ဆေးခန်းကို သွားပြီးကြည့်ပါမယ်။ အဲဒါပြီးရင် တံတားဦးကို ခဏဝင်ပြီး တံတားဦးပြည်သူလူထုနဲ့ ထိတွေ့ ပါ့မယ်။ ပြီးရင် ကျနော်တို့ လေဆိပ်ကိုတန်းဆင်းပါမယ်။ အစီအစဉ်ကတော့ အကြမ်းဖျဉ်းအဲလောက်ပါဘဲ။”

ခုလို မန္တလေးမြို့ဆီကို ဒေါ်အောင်ဆန်းစုကြည်လာရောက်မယ့်အတွက် မန္တလေးမြို့သူ မြို့သားတွေ အထူး ဝမ်းသာ နေကြပြီး လိုအပ်တဲ့အကူအညီတောင်းဖို့လည်း လာပြီး ပြောနေကြတယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ပြောပြကြပါတယ်၊ ဒီသီတင်းပါတ် အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း ကို သွားခဲ့ပြီးတော့ ရှေ့သီတင်းပါတ် အင်္ဂါနေ့ လ ၇ ရက်နေ့ ကျရင် တော့ ပုသိမ်မြို့ဆီကို သွားဖို့ ရှိပါတယ်။

XS
SM
MD
LG