သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တချို့ ဆောင်တွင်း အအေးဒဏ်ကြောင့်သေဆုံး


ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။

မြန်မာအစိုးရနဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ရာသီဥတု အေးချမ်းမှုဒဏ်ကြောင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေပြီး အသက်ဆုံးရှုံးမှုထိဖြစ်နေပါတယ်။ နှင်းတွေကျပြီး ပိုအေးလာချိန် အအေးဒဏ်ကို မခံနိုင်တဲ့ အတွက် သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ ပိုမိုထိခိုက်နေတယ်လို့ ဒုက္ခသည် စောင့်ကြည့်သူတွေက ပြောပါတယ်။ ရာသီဥတုအအေးဒဏ်ကြောင့် ဒုက္ခသည်တွေကြုံနေရတဲ့ ကျန်းမာရေးနဲ့ အခက်အခဲတွေကို ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက်နူးပန် သတင်းပို့ထားပါ တယ်။

အစိုးရစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် တရုတ်ပြည်နယ်စပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို နယ်မြေတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ပိုပြီးပြင်းထန်လာတဲ့ ဆီးနှင်း များကျလို့ အေးချမ်းတဲ့ဒဏ်ကိုမခံနိုင်တဲ့အတွက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတာဖြစ်ပါတယ်။

အနယ်နယ် အရပ်ရပ်က ကိုယ့်နယ်ရပ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေဟာ ရေမြေ ဒေသ ကွာခြားမှုကြောင့် ဆောင်းရာသီ ၃လ အတွင်းမှာ သက်ကြီးပိုင်းနဲ့ ကလေးငယ် ၁၀ ယောက်ကျော် သေဆုံးသွားခဲ့တယ်လို့ မိုင်ဂျာယန်ဒုက္ခသည်စောင့်ကြည့်သူ အဖွဲ့ဝင်တစ်ယောက်က ခုလို ပြောပါတယ်။

“ကျွန်တော်တို့မိုင်ဂျာယန်မှာကျတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အသက်ဆုံးရှုံးဆိုရင် အသက်ကြီးတဲ့အပိုင်း တွေ ရှိပါတယ်။ ဒီသက်ကြီးပိုင်းဆုံးရှုံးရတဲ့ အပိုင်းကတော့ ဒီကနေ တွေ့ရှိရ တာ ကတော့ သူတို့နယ်မြေဒေသပေါ့နော်။ အဲဒီကနေ အခုပြန်လည်ပြောင်းရွှေ့နေရာနဲ့ သဟဇာတ မဖြစ်တဲ့အခါကျတော့ သူတို့ ခံနိုင်ရည်အပေါ်မူတည်မယ်ထင်တယ်။ ဒီသုံးလ အတွင်းမှာ ပေါ့နော် သေတာ ၁၆ ယောက်ရှိတယ် သက်ကြီးပိုင်းပေါ့နော်။ ကလေးတွေကတော့ သိပ်တော့မရှိပါဘူး။ ချောင်းဆိုး ရင်ကျပ်ဖျားနာတာတွေရှိတယ်။”

မိုင်ဂျာယန်နဲ့ အနီးတဝိုက် ဒုက္ခသည်စခန်းတွေထဲမှာ မှီခိုနေတဲ့ဒုက္ခသည်တွေက များaသာအားဖြင့် သက်ကြီး ပိုင်းတွေ ကျန်းမာရေးဆိုးဝါးနေသလို ကလေးငယ်တွေလည်းချောင်းဆိုးရင်ကျပ်ဖြစ်ပွားတဲ့ နေရာမှာ တစ် ပါတ် အတွင်း ၂ ယောက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ပြောပါတယ်။

ခုလိုကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ အအေးမိ လေဖြတ်ပြီး သေဆုံးကြတာမျိုးတွေဟာ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့အပြင် အေးလွန်းတာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လလယ်ထိ မိုင်ဂျာယန်နဲ့အနီးထိတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် နေရပြီး အခက်ခဲရင်ဆိုင်ခဲ့ရသလို ခုချိန်ပိုပြီး အေးလာတဲ့ရာသီဥတုဒဏ်ကြောင့် တခါ အခက်ခဲ ကြုံနေရ တယ်လို့လည်း မိုင်ဂျာယန်အနီး ဒေသခံ မိခင်တစ်ယောက်က ခုလိုပြောပါတယ်။

“ဆောင်းတွင်းဆိုတော့ နှင်းတွေ ရေခဲတွေကျ နှင်းမှုန်တွေကျဆိုတော့ ကလေးတွေက ဖိနပ်မပါ အနွေးထည်မပါ အဲဒီလိုမျိုး အခက်ခဲတွေနဲ့ ကလေးတွေကော ချမ်းတာနဲ့ အခုဆိုလို့ရှိရင် ကလေး တွေက နှာစေးချောင်းဆိုဖြစ်နေကြတာ။ ကလေး မအေတစ်ယောက်တောင်မှ ကလေး ၅ ယောက် ရှိတာ အဲဒါ ရင်ကျပ်တီဗီ အဆုပ်နဲ့ ကလေး ၅ ယောက်မအေက မနေ့က ဆုံးသွားတာ ဒီနေ့က ဆုံးပွဲ လုပ်တာပေါ့။”

ခုချိန် စခန်းတွေမှာလည်း ဆေးဝါးနဲ့စားနပ်ရိက္ခာ မဖူလုံတဲ့အပြင် အနွေးထည်စောင်တွေလိုအပ်နေပြီး ရှို့ထင်း တွေလည်းမရှိတဲ့အတွက် အအေးဒဏ်ကို ပိုမိုခံနေရခြင်းလည်းဖြစ်တယ်လို့ ပြောပါတယ်။

ကချင် လွတ်လပ်ရေးအဖွဲ့ကေအိုင်အို နယ်မြေနဲ့ တရုတ်နယ်စပ်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခ သည် ငါးသောင်းကျော်ရှိပြီး နယ်စပ်တလျှောက် စခန်းပေါင်း သုံးဆယ်ကျော်ရှိပါတယ်။ ဒီဒုက္ခသည် တွေကို ကေအိုင်အို အပါအဝင် ဘာသာရေးအဖွဲ့တချို့နဲ့ လူမှုရေးအဖွဲ့များ WFP ကမ္ဘာ့စားနှပ်ရိပ်က္ခာ အဖွဲ့နဲ့ မြန်မာပြည်က ပရဟိတအဖွဲ့တွေက အကူညီတွေပေးနေတာဖြစ်ပါတယ်။

လတ်တလော မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား နိုင်ငံရေးဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ကေအိုင်အို က လူထုကို ပြောခဲ့ရာမှာ ဒုက္ခသည်များလည်း အိမ်ပြန်ရဖို့မျှော်လင့်နေပေမယ့် ပြန်ဖို့ အခြေအနေ မရှိသေး ကြောင်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG