သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်ရေးကောင်စီ ဆီရီးယာအစိုးရကို ပြစ်တင်ရှုတ်ချဖို့ ပြင်ဆင်


ဒီကနေ့ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးကနေ ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချရေး ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် စဉ်းစားသုံးသပ်နေကြပါတယ်။

ဒီကနေ့ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးကနေ ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချရေး ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် စဉ်းစားသုံးသပ်နေကြပါတယ်။ လူ့အခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖေါက်နေမှု၊ အစိုးရနဲ့သဘောထားကွဲသတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ် စက်ညှင်းပန်းနေမှု၊ လူနေထူထပ်တဲ့ဒေသတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်မှု၊ စတာတွေနဲ့ ဆီးရီးယားအစိုးရကို စွပ်စွဲထားတဲ့ ပြစ်တင်ရှုတ်ချရေး ဆုံး ဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးကနေ ချမှတ်ဖို့ရှိနေပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ၊ အစိုးရရဲ့ပစ်ခတ်မှုဒဏ်ကို အပြင်းအထန် ခံနေရတဲ့ နေရာတွေမှာ၊ လူသားချင်းစာနာတဲ့ အကူအညီ ပေးရေးအဖွဲ့တွေက၊ စားနပ်ရိက္ခာ ဆေးဝါး လောင်စာဆီနဲ့ တခြားအရေးတကြီးလိုအပ်နေတာတွေ ကို သွားရောက်ပေးပို့ခွင့်ပြုဖို့ကိုလည်း၊ ဆီးရီးယားအစိုးရကို တိုက်တွန်းထားပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းကိုရေးဆွဲရာမှာ ပါဝင်ကူညီကြတဲ့ ကာတာ၊ ဆော်ဒီ အာရေးဘီးယား၊ ကူဝိတ်နဲ့ တူရကီနိုင်ငံတွေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို ခေါ်ယူပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။

ဒီကနေ့ အဂါၤနေ့မှာတော့ ဆီးရီးယားနိုင်ငံတဝှမ်း အစိုးရတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၄၁ဦး သေဆုံးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ နိုင်ငံအလယ်ပိုင်းက ဟယ်လာပါယ မြို့ကို အစိုးရရဲ့ ချေမှုန်းရေးတပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးရတဲ့ လူ အယောက် ၂၀ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ အစိုးရရဲ့ အထူးတပ်ဖြစ်တဲ့ တပ်မ ၄ကတော့ Homs မြို့ကို အမြောက်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြတယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် ဆီးရီးယားသတင်းတပုဒ်မှာတော့ ဟုမ်းစ် (Homs) မြို့ ဘာဘာအမ်မရာ (Mama Amr) အရပ်က ဒဏ်ရာရသူတွေကို ကယ်ထုတ်ရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ မြို့တွင်းကို သွားရောက် ပို့ ဆောင်နိုင်ရေးတို့အတွက်၊ ICRC ဟာ သမ္မတ ဘာရှာအယ်လ်အာဆဒ် (Bashar al-Assad) ရဲ့ အစိုးရတပ်တွေနဲ့ရော အတိုက်အခံတပ်ဖွဲ့တွေနဲ့ပါ ဆွေးနွေးညှိနှိုင်းနေပါတယ်။ ဆီးရီးယားနိုင်ငံ ဟုမ်းစ်(Homs) မြို့က ဘာဘာအမ်မရာ (Mama Amr) အရပ်မှာ ဒဏ်ရာရပြီး ပိတ်မိနေခဲ့တဲ့ ဗြိတိန်နိုင်ငံ က The Sunday Times သတင်းစာရဲ့ ဓါတ်ပုံသတင်းထောက် Paul Conroy ကို၊ အတိုက်အခံတွေရဲ့ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ အကူအညီနဲ့ ဒီက နေ့ ကယ်ထုတ်နိုင်ခဲ့ပြီးတော့၊ အိမ်နီးချင်းလက်ဘနွန်နိုင်ငံကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာရနေတဲ့ ပြင်သစ်သတင်းထောက် မစ္စအီးဒစ်သ် ဘိုဗီယာ(Edith Bouvier)ရဲ့ သတင်း ကိုတော့ မရရှိရသေးပါဘူး။

XS
SM
MD
LG