ပြည်ထောင်စု မြန်မာနိုင်ငံရယ်လို့ ဖြစ်လာဖို့အတွက် တိုင်းရင်းသားတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ် သက်တမ်း ၆၄နှစ် ရှိသွားပါပြီ။ ဒီကာလအတွင်းမှာ တိုင်းရင်းသားစိတ်ဓါတ်က ဖွံ့ဖြိုး တိုးတက် လာသလား။ ဆုတ်ယုတ်ကျဆင်းသွားခဲ့သလား။ ပြည်ထောင်စုစိတ်ဓါတ် ဖွံ့ဖြိုးခိုင်မာရေးအတွက် ဘာတွေ လုပ်သင့်သလဲဆိုတာကို ဆွေးနွေးထားပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးသူတွေကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဦးအေးသာအောင်၊ တိုင်းရင်းသား လူမျိုးများကောင်စီ ENC ရဲ့ နာယက ဟန်ရောင်ဝေ နဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်တို့ဖြစ်ပါတယ်။ ဦးကျော်ဇံသာ တင်ဆက်ပေးထားပါတယ်။
ပြည်ထောင်စုနေ့ ၆၄ နှစ်ပြည့်လာတဲ့အချိန်မှာ ပြည်ထောင်စုစိတ်ဓါတ် ဘယ်လောက် ရှင်သန်နေပါသလဲ
- Ma Oo