သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအောက် မြန်မာအလုပ်သမားများ အခွင့်အရေး


TaiYi Worker Strike to get salary
TaiYi Worker Strike to get salary

မတ်လ ၃၊ ၂၀၁၂။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေထဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်လာရာမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို မြန်မာအစိုးရက ဖိတ်ခေါ်လာပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်နိုင်အောင်လည်း ရင်းနှီးမြုပ်နှံမှုဥပဒေတရပ်ထွက်လာဖို့ လွှတ်တော်အတွင်း ကြိုးပမ်းမှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာ အခုလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့အတူ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာမယ့် အခြေအနေမှာ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စဟာ အကြောင်းရပ်တခုဖြစ်လာပါတယ်။

နိုင်ငံခြားလုပ်ငန်းတွေမှာဖြစ်တဲ့ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာတွေကို ဘယ်လို ကိုင်တွယ်မလဲ၊ အာဏာပိုင်တွေဖက်က အလုပ်သမားတွေရဲ့ နစ်နာချက်တွေကို ဘယ်လို ရပ်တည်ပေးမလဲဆိုတာ မေးခွန်းရှိပါတယ်။

တလောကပဲ လှိုင်သာယာ စက်မှုဇုံက တိုင်ရီဖိနပ်စက်ရုံမှာ တရုတ်အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားတွေအကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။ အလုပ်သမားတွေဖက်က လုပ်ခလစာနဲ့ပတ်သက်လို့ တောင်းဆိုရင်း တင်းမာမှုဖြစ်တာပါ။ အလုပ်သမားဆန္ဒပြမှုတွေဟာ ရက်အတန်ကြာ ဖြစ်ပွားနေတဲ့အချိန်အတွင်းမှာ အလုပ်သမားတွေဖက်မှာ နစ်နာပြီးရင်း နစ်နာမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် အလားတူ အလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်လာရင် အာဏာပိုင်တွေဖက်က ဘယ်လို ရပ်တည်သင့်သလဲ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေကရော ဘယ်လို ဝင်ရောက်ကူညီနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးထားပါတယ်။ အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ ဆွေးနွေးထားတာပါ။

XS
SM
MD
LG