NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အားကိုးထောက်ခံကြတဲ့ လူထုအတွက် NLD ပါတီရဲ့ ကိုယ်စား လှယ်လောင်းတွေဟာ လုပ်ငန်းတာဝန်တွေကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်၊
ဒီကနေ့ ရန်ုကုန် ဗဟန်းရွေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်တွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ ၀င်ကြ မယ့် ကိုယ်စားလှယ် လောင်းတွေ တွေ့ဆုံမှုတွင်း အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပြီး ကြားဖြတ်ရွေးကောက် ပွဲ အတွက် တရားမဲ့ ပြုကျင့်မှုတွေရှိနေတာတွေနဲ့ ပတ်သက်လို့လည်း ဆွေေးနွးခဲ့ကြပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဗဟိုအောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦးတင်ဦးအပြင် ရွေးကောက်ပွဲ ၀င်ကြမယ့် ကိုယ်စားလှယ်လောင်း ၄၇ ဦး တခါ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံတွေဟာဒီကနေ့ မတ်လ ၈ရက် ကြာသာပတေးနေ့ မနက်က ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ် မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် တွေဆုံဆွေးနွေးခဲ့ကြပါတယ်၊
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ကို အားပေးထောက်ခံကြတဲ့ လူထုအတွက် NLD ကိုယ်စားလှယ် တွေဟာ ကိုယ်ရဲ့ တာဝန်တွေကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ဖို့ အဓိက တိုက်တွန်းသွားတယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲဝင်တဦးလည်း ဖြစ် မန္တလေးတိုင်းထဲက မဟာအောင်မြေ မဲဆန္ဒ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင် မယ့် သူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်၊
“ဥက္ကဌက နယ်အတော်များများကို စည်းရုံးရေးခရီးထွက်ခဲ့ပြီးပါပြီတဲ့ ထွက်တဲ့အခါမှာ အခြေအနေ တွေကိုလည်း တော်တော်ကို သိခဲ့ရပါတယ်။ အခြေအနေတွေက အကြမ်းဖျဉ်းပြောရမယ် ဆိုရင် တော့ ပြည်သူလူထုဘက်က အင်မတန့်ကို ကောင်းပါတယ်။ လိုအပ်ချက်တွေ ရှိနေတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဆင့်ဆင့်သော တာဝန်ရှိတဲ့သူတွေ ဘဲလို့ပြောရမယ်တဲ့။ နောက် ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ တရားမဲ့ပြုကျင့်မူတွေလည်း တော်တော်များများ ကြား နေသိနေရတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့လည်း ရွေးကောက်ပွဲရဲ့ ကမ်ပိမ်းမန်နေဂျာဖြစ်တဲ့ ဦးညဏ်ဝင်းက နောက်ပိုင်းမှာ ရှင်းပြမယ်။ အနှစ်ချုပ် သူပြောချင်တာကတော့ ပြည်သူလုထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားကိုးတယ်၊ ထောက်ခံတယ်၊ ဒါဟာ သိပ်ထင်ရှားနေပါတယ်။ အဲဒီအားကိုးမူ ထောက်ခံမူတွေနဲ့ တန်အောင်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း လုပ်ပြရ မယ်ဆိုတာကို ကိုယ်စားလှယ်လောင်းတွေကို သတိပေးချင်ပါတယ်။ ကိုယ်စားလှယ်လောင်း အားလုံး အနိုင်ရရှိရေးအတွက် ပြည်သူလူထုကို ဦးဆောင်စည်းရုံးပြီးတော့ အောင်မြင် အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်းပါတယ်လို့ အလေးအနက်ပြောကြားသွားပါတယ်။”
ရွေးကောက်ပွဲ မတိုင်ခင် နယ်မြေတချို့ မှာ အာဏာသုံးကာ တရားမဲ့ပြုကျင့်မှု အခြေအနေတွေ၊ တရားမ၀င် မဲဆွယ် စည်းရုံးမှု အခြေအနေတွေကိုလည်း ဘယ်လိုကန့်ကွက် တိုင်ကြားကြမလဲဆိုတာလည်း ဆွေးနွေးခဲ့ သလို ကြိုတင်မဲကို လည်း ဘယ်လိုမှန်ကန်မှု ရှိအောင်လုပ်မလဲဆိုတာတွေကိုလည်း တိုင်ပင်ခဲ့ကြတယ်လို့ လည်း ဦးအုန်းကြိုင်က ပြောပါ တယ်။
“ရွေးကောက်ပွဲတရားမဲ့လုပ်ဆောင်မူလို့ ခေါ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ပဲခူးတိုင်းက တချို့မြို့နယ် တွေမှာ ဆင်းရဲမွဲတေမူ တိုက်ဖျက်ရေးဆိုတဲ့ ကမ်ပိမ်းကို အခုမှ စပြီး အကောင်အထည်ဖော် ပါ တယ်။ အဲ့မှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတို့ ၊ ပြည်နယ်တိုင်းဝန်ကြီးတို့က ပိုက်ဆံ သိန်း သုံးလေးရာနဲ့ ပြည်သူလူထုကို ချေးဖို့ ဆိုပြီး ရောက်လာပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးက ကိုယ်စား လှယ်လောင်းကလည်း အတူပါလာပါတယ်။ နောက် သူတို့အဖွဲ့ဝင်တွေကိုလည်း အတူတူ ခေါ်လာပါ တယ်။ နောက် ခေါ်လာပီးတော့ အဲဒီကိုယ်စားလှယ်လောင်းနဲ့ အဖွဲ့ဝင်တွေ ရှေ့မှောက်ပဲ ကျေးလက် ပြည်သူတွေကို ခေါ်ပြီးတော့ ပိုက်ဆံတွေ ထောက်ပံ့ငွေတွေ ထုတ်ချေးတာတွေရှိပါတယ်။ အခု စစ်ကိုင်းတိုင်း ဘက်က မဲဆန္ဒနယ်တစ်ခုမှာဆိုရင် ကိုယ်စားလှယ်လောင်း က ပြည်ထောင်စုဝန်ကြီး တစ်ယောက်ရဲ့ ယောက်ဖ တော်ပါတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စု ၀န်ကြီးကိုယ်တိုင်က သူ့ရဲ့ မဲဆန္ဒနယ်ထဲက သူပိုင်တဲ့ရွာတွေကို လှည့်ခေါ်သွားပြီးတော့ အဲ့ဒီ့ရွာတွေ ကို တံတားဆောက်ဖို့ ဘယ်လောက် ကျောင်းဆောက်ဖို့ ဘယ်လောက် ဘာပြုပြင်ဖို့ ဘယ်လောက် ဆိုပြီးတော့ ပိုက်ဆံတွေ ထောက်ပံ့ နေတာမျိုးတွေလည်း လုပ်ပါတယ်။ ဒါမျိုးတွေ တွေ့ရတဲ့ အကြောင်းကို တင်ပြကြပါတယ်။”
မန္တလေးတိုင်းထဲက မဟာအောင်မြေ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိင်ပါ ကြားဖြတ် ရွေးကောက်ပွဲအတွက် အဓိက ပြသနာတခုဖြစ်နေတာကတော့ မဲဆန္ဒရှင်တွေရဲ့ အမည်စာရင်းတွေ မှားယွင်း နေတာ ဒီပြသနာကို ဆွေးနွေးခဲ့ ကြပါတယ်။ ဒီအခြေအနေတွေပေါ် ရွေးကောက်ပွဲကော်ရှင်က သတ်မှတ် ထားတဲ့ ရက်ထက်ပိုပြီး ခွင့်ပြူချက်ပေးဖို့ NLD ပါတီကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို မေတ္တာရပ်ခံစာ တစောင်ပို့ထားပါတယ်။ ဒါပေမဲ့ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ စာရင်းအတိအကျ ဖြစ်အောင် မဲပေး ကြရမယ့် ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ လုပ်သွားမယ်လို့ မင်္ဂလာ တောင်ညွန့်မြို့ နယ် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ် ဖြူဖြူသင်းကပြောပါတယ်။
“နံမည်ကအစ မှတ်ပုံတင်ကအစ ပုံလွဲနေတာတွေရှိတယ်။ တချို့တွေကျတော့လည်း အသက်မပြည့် သေးတဲ့ ကလေးတွေက မဲပေးနိုင်တဲ့ စာရင်းထဲမှာပါပြီးတော့ တကယ်မဲပေးရမယ့်စာရင်းတွေက ပါမလာဘူး။ တချို့ဆိုရင် အစုလိုက် အဝေးလိုက်တွေ ထောင်နဲ့ချီပြီးတော့ ကို ပိုနေတဲ့စာရင်းတွေကို တွေ့ရတယ်။ ကွာဟနေတာတွေ ကွဲလွဲနေတာတွေကို ကျမတို့အတတ်နိုင်ဆုံး တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လုပ်နေတယ် ။သူတို့ နောက်ဆုံးရက် သတ်မှတ်မှတ် မသတ်မှတ်မှတ် ကျမတို့ လုပ်သင့် လုပ်ထိုက်တာတော့ အကုန်လုံးလုပ်နေပါတယ်။”
အလားတူ ဧရာဝတီတိုင်းအတွင်းမှာဆိုရင်လည်း အခုလိုပြသနာတွေမျိုးတွေရှိနေတယ်လို့လည်း ဖျာပုံမဲဆန္ဒ နယ်ရဲ့ ကိုယ်စားလှယ်ဦးသိန်းဆွေက ရှင်းပြပါသေးတယ်။
“အခက်အခဲကတော့ ကျတော်တို့ခုနက ပြောသလိုပဲ ဒီမဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို တိတိကျကျ ကျတော်တို့ အနေနဲ့ ဆောင်ရွက်ပေးဖို့လိုတယ် နောက်တစ်ခါ ကျတော်တို့မဲစာရင်းတွေကို သွားပြီး တော့ကူးတဲ့အခါမှာ ကူးခွင့်မပေးဘူး မလိုအပ်ဘူး မင်းတို့တွေ ဘာမှ ဒီဟာနဲ့ပတ်သတ်ပြီးတော့ ကူးစရာလည်းမလိုအပ်ဘူး ပြောစရာလည်းမလိုအပ်ဘုး ဆိုပြီး အဲ့တာမျိုးပြောဆိုတဲ့ ရပ်ကွက် ကျေးရွာစာရင်းတွေတော့ရှိတယ်ပေါ့လေ အဲ့တာကိုလည်း သက်ဆိုင်ရာ ကော်မရှင်ကိုလည်း တင်ပြထားပါတယ်။”
ဒီလိုကြုံနေရတဲ့ ပြသနာတွေကို အချက်အလက်ပြည့်ပြည့်စုံစုံ စုစည်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြတိုင်ကြား ကန့်ကွက်တာတွေ ဆက်လုပ်သွားမယ်လိုလည်း NLD ကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံးကို NLDက ၀င်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်အတွက် NLD ရဲ့ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချထားတာရှိပါတယ်၊