သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဗ္ဗသီရိ NLD၏ အမတ်လောင်း ဦးဖြိုးဇေယျာသော်၊ တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ခရီးစဉ်


တပ်မှူးတပ်သား ပြောစကား (၁၀၃)

လာမယ့် ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ၊ နေပြည်တော်တိုင်း ပုဗ္ဗသီရိမြို့မဲဆန္ဒနယ်ကနေ ဝင် ရောက် အရွေးခံမယ့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် အတွက်၊ မဲဆွယ်စည်းရုံးလှုပ်ရှားခဲ့သူ ဖြစ်ပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော်ခရီးစဉ်မှာ လုံခြုံရေးတာဝန်နဲ့ လိုက် ပါခဲ့သူလည်း ဖြစ်တဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်း NLD ပါတီဝင် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်ရဲ့ အတွေ့အကြုံတွေ ကို ကိုရော်နီညိမ်းက၊ ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍအဖြစ် တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးနေမျိုးဇင်ခင်ဗျား၊ ဦးနေမျိုးဇင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ အောင်နိုင်ရေးတေးသီချင်းတွေ အသံသွင်းဖို့လုပ်နေတဲ့နေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဦးနေမျိုးဇင် ။ ။ ဟုတ်ကဲ့၊ အခု ကျနော်တို့ အသံသွင်းနေတာက ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာဦးမျိုးအောင်အတွက် ရည်ရွယ်စပ်ဆိုထားတဲ့ အောင်နိုင်ရေး သီချင်းပါ။ ဦးဖြိုးမင်းသိန်းအတွက် မဖြူဖြူသင်းအတွက် စသည်ဖြင့် ကိုယ်စားလှယ်လောင်းတွေ အားလုံးအတွက် အောင်နိုင်ရေးသီချင်းတွေ ရေးစပ်ထားပါတယ်။ ဒေါက်တာဦးမျိုးအောင်အတွက်ဆိုရင် ဇီဝိတခွပ်ဒေါင်းဆိုတဲ့ နံမည်နဲ့၊ သူဟာ ဆရာဝန်ဖြစ်တယ်၊ ဆေးပညာနဲ့ ပြည်သူလူထုကို ကူညီစောင့်ရှောက်ကယ်တင်ခဲ့သလို၊ နိုင်ငံရေးနည်းလမ်းနဲ့ လည်း တရားဝင်ဥပဒေဘောင်ထဲကနေ ပြည်သူလူထုရဲ့ဘဝတွေကိုမြှင့်တင်ရေး ကြိုးပမ်းဖို့ ရည်ရွယ်ဝင်ပြိုင်တဲ့ သူ့ရဲ့ အကြောင်းကိုစပ်ဆိုပြီး၊ သူ့ကို မဲထည့်ကြဖို့ လူရွေးမမှားကြဖို့၊ လှုံ့ဆော်တဲ့ သီချင်းကို ကျနော်တို့ အသံသွင်းနေကြ တာပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဦးနေမျိုးဇင်ဟာ နေပြည်တော်တိုင်း ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်အတွက်လည်း မဲဆွယ်စည်းရုံး ဟောပြောခဲ့ တယ်လို့လည်း ကျနော်တို့ သိရပါ်တယ်။ အဲဒီတော့ ပုဗ္ဗသီရိမြို့နယ်အပါအဝင် နေပြည်တော်တိုင်း အတွင်းမှာရှိတဲ့ မဲ ဆွယ်စည်းရုံးပွဲတွေရဲ့ အခြေအနေကို၊ ကြုံခဲ့ရသမျှ ခြုံပြီးတော့ ပြောပြပေးပါလား ခင်ဗျ။ နယ်မြေခံလူထုအခြေအနေနဲ့ နေပြည်တော်ဆိုတော့ တပ်မတော်အသိုင်းအဝိုင်းလည်း ရှိနေတဲ့အတွက်၊ တပ်မတော်အသိုင်းအဝိုင်းရဲ့ လိုလား ထောက်ခံမှု ဘယ်လောက်ရှိလဲဆိုတာ၊ ကျနော်တို့ သိချင်ပါတယ် ခင်ဗျ။

ဦးနေမျိုးဇင် ။ ။ ဟုတ်ကဲ့၊ ကိုဇေယျာသော်ရဲ့ ဖိတ်ခေါ်ချက်အရ၊ ကျနော် လွန်ခဲ့တဲ့နှစ်ပတ်လောက်က ပုဗ္ဗသီရိမြို့ နယ် ကျေးရွာတွေက ဟောပြောပွဲတွေမှာ လိုက်ပြီးတော့ အားပေးပါတယ်။ နောက်ဆုံးပွဲတစ်ပွဲကျတော့၊ ကိုဇေယျာ သော်ရဲ့ ဖိတ်ခေါ်ချက်အရပဲ လူထုရှေ့ ကျေးရွာလူထုရှေ့မှာ ကျနော် စကားတက်ပြောခွင့်ရခဲ့ပါတယ်။

(ဦးနေမျိုးဇင်၏ ကျေးရွာလူထုရှေ့ ပြောစကား ။ ။ စစ်စစ်မှန်မှန် ခိုင်မာတဲ့ အာမခံချက်ရှိတဲ့ အနေအထားကို ရောက်ဖို့အတွက် စောစောကပြောတဲ့ ကြီးနိုင်ငယ်ညှင်း တောတွင်းဥပဒေဿ ကာလကတည်းက၊ ဖြတ်သန်းခဲ့တဲ့ ရင်ဆိုင်ခဲ့တဲ့ တည်ဆောက်ခဲ့တဲ့ လူတချို့ အဖွဲ့အစည်းတစ်ချို့ဟာ၊ လက်ရှိအခြေအနေမှာ အရေးပါတဲ့ နေရာမှာ ရောက်နေကြပြီးတော့၊ သူတို့ ကိုယ်တိုင်လည်း နောက်ကြောင်းပြန်မလှည့်ပါဘူး ဆိုတာ၊ တိုင်းပြည်ကိုလည်း ဒီမိုကရေ စီနိုင်ငံအဖြစ် တည်ဆောက်ပါမယ်လို့ ကတိခံဝန်ချက်တွေ အလီလီပေးထားခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်၊ စစ်သား ကောင်းတစ်ယောက်အနေနဲ့ ယောက်ျားကောင်းတစ်ယောက်အနေနဲ့ သမ္မတကြီးအပါအဝင် နိုင်ငံခေါင်းဆောင်ပိုင်းက ပေးထားတဲ့ကတိကို အလေးအနက် စောင့်ထိန်းလိုက်နာလိမ့်မယ်လို့ ယုံကြည်ပါတယ် ခင်ဗျား။ ပြည်သူလူထုအတွက် ကို ကျနော် ပြောတာပါ။ သမ္မတကြီးကိုယ်တိုင်လည်း တိုင်းပြည်ကောင်းအောင်လုပ်မယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် ပေါ့လေ၊ တချို့တချို့သော အစိပ်အပိုင်း တချို့တချို့သောနေရာတွေမှာ (ပရိဿတ်ထဲမှာ သတင်းယူနေတဲ့ အဖွဲ့တွေ လည်း ရှိပါလိမ့်မယ်) ……..၊ ဒီနေရာကနေ ကျနော် ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားပဲ ပြောပါမယ်။ ရထားခေါင်း တွဲကြီးက ဒီလမ်းဒီခရီးကို ဒီနှုန်းနဲ့ သွားပါမယ်လို့ ကြေညာပြီး သွားဖို့ကြိုးစားနေပေမယ့်၊ ကန့်လန့်လိုက်ချင်နေသေး တဲ့ နောက်တွဲတွေ၊ ခေါက်ရိုးမပြေနိုင်သေးပဲ ခေါက်ရိုးကျိုးနေသေးတဲ့လူတွေ ရှိနေသေးတယ် ဆိုတာ၊ ကျနော် ပြောချင်ပါ တယ်။)

ဦးရော်နီညိမ်း ။ ။ အခု လက်ရှိအစိုးရ၊ သမ္မတကြီးဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၊ တနည်းအား ဖြင့် ပြောမယ်ဆိုရင်၊ သမ္မတကိုယ်တိုင်နဲ့ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွပူးပေါင်း ဆောင်ရွက်နေပါတယ် ဆိုတာကို၊ နယ်မြေခံလူထုတွေ သက်ဆိုင်ရာဒေသတွေအလိုက် သိရှိကြပါသလား ခင်ဗျ။ သိရှိ ကြတယ်ဆိုရင် ဘယ်လောက်အတိုင်းအတာအထိ သိကြသလဲ၊ အဲဒါဆိုရင် လူထုတွေမှာ စိုးရိမ်စိတ်တွေ ဒီလောက်ရှိ ကြတော့မှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ ဦးနေမျိုးဇင်ရဲ့ အတွေ့အကြုံအရ အဲဒီကိစ္စကို ကျနော်သိချင်ပါတယ် ခင်ဗျ။

ဦးနေမျိုးဇင် ။ ။ မြိုပေါ်တွေမှာတော့ အကြောက်တရား မရှိဘူးဆိုတာ၊ ဟုတ်တယ် ခင်ဗျ။ ကျနော်တို့ကို ကူညီနေ ကြတဲ့အထဲမှာ ယာဉ်ထိန်းရဲတွေ ပါတယ်၊ ရဲတပ်ဖွဲ့ဝင်တွေ ပါတယ်၊ ကျနော်တို့သွားရာ လမ်းတလျှောက်မှာ ပြုံးပြုံးရွှင် ရွှင်နဲ့ လက်ပြနှုတ်ဆက်ကြပြီးတော့၊ လမ်းကြောင်းတွေ ရှင်းပေးတယ်၊ လမ်းရှုပ်နေရင်လည်း လူတွေကို ပြေလည်ရာ ပြေလည်ကြောင်းတွေ ပြောပြီး ရှင်းပေးတယ်၊ မီးပွိုင့်တွေမှာလည်း ကျနော်တို့ယာဉ်တန်းတွေ ဖြတ်ဖို့ သူတို့က အကူ အညီပေးကြတယ်။ ဒါတွေဟာ အရင်ခေတ်စနစ်မှာ ဘယ်လိုမှ မကြုံခဲ့ဖူးတဲ့ အနေအထားတွေဆိုတော့၊ ပြည်သူလူထု ရဲ့ရင်ထဲမှာလည်း သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နားလည်မှုတစ်ခုနဲ့ တူညီတဲ့ဘုံရည်မှန်းချက်တစ်ခုကို ချဉ်း ကပ်နေကြတယ်လို့ အကြမ်းဖျဉ်း သူတို့ သိနားလည်ထားတဲ့အတွက်ကြောင့်၊ ပရိဿတ်ရဲ့အခြေအနေကို တင်ပြရမယ် ဆိုရင်တော့ ယခင်အခါတွေနဲ့မတူတဲ့ အကြောက်တရားလျော့ပါးတဲ့ ဖွင့်ဟမှုတွေ ဖေါ်ထုတ်မှုတွေကို၊ ကျနော်တို့ တွေ့ လာရတာ ဖြစ်ပါတယ်။ ယခင်ကာလတုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓါတ်ပုံကို လျှို့ဝှက်ပြီးတောင် မကိုင်ထား ရဲတဲ့သူတွေ အခြေအနေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းပုံဆိုရင် ဝေလာဝေးပေါ့။ အခုတော့ ဒါတွေမရှိတော့ပါဘူး။ နေရာ တိုင်း လမ်းတိုင်း အိမ်တိုင်းမှာ၊ ဘယ်နားပဲသွားသွား ဗိုလ်ချုပ်အောင်ဆန်းပုံ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ အိမ်ရှေ့မှာ ချိတ်ဆွဲထားပြီးတော့ သူတို့ရဲ့လည်ပင်းမှာ ဒီဓါတ်ပုံတွေကိုချိတ်ဆွဲပြီး ထွက်ကြိုကြတာပါ။ အဲဒီတော့ သူတို့မှာ ပွင့်လင်း လွတ်လပ်လာတယ်၊ အကြောက်တရား ကင်းရှင်းလာတယ်၊ ဆိုတာကိုတော့ ယုံကြည်ရပါတယ်။ ဒါကို ကျနော်တို့ လေးလေးနက်နက် အသိအမှတ်ပြုပါတယ်။ ကျေးရွာတွေမှာတော့ အကြောက်တရား ကြီးစိုးနေပုံရတယ်။ ကျနော်တို့ ယာဉ်တန်းတွေ ရွာတွေကို ရွာကြိုရွာကြား ဖြတ်သွားတဲ့အချိန်မှာ၊ လွတ်လွတ်လပ်လပ် လက်မပြရဲကြပဲ၊ ပြုံးပြရုံပဲ ပြုံးပြ ကြတယ်။ လူတွေက တစ်ခုခုကို စိုးရိမ်ထိတ်လန့် နေကြရတဲ့ပုံ ရပါတယ်။ ခြိမ်းခြောက်ထားတာ တစ်ခုခု ရှိနေလို့သော် လည်းကောင်း၊ အခွင့်အရေးတစ်ခုခု ဆုံးရှုံးသွားမှာကို ပူပင်နေတာ သော်လည်းကောင်း၊ သူတို့မှာ ဖြစ်နေပုံ ရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးနေမျိုးဇင်ကိုယ်တိုင် ပုဗ္ဗသီရိမြို့နယ်မှာ ဦးဖြိုးဇေယျာသော်အတွက် စင်ပေါ်ကို တက်ရောက် ဟောပြောတဲ့အခါ၊ ပရိဿတ်ထဲမှာ တပ်မတော်သားမိသားစုတွေ ပါဝင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ဘယ်လို ခံစားမှုမျိုး ဖြစ်ပေါ်ပါသလဲ။ နော်ကတခါ အနာဂတ်အတွက် ဘယ်လိုမျှော်မှန်းချက် ဖြစ်ပေါ်ပါသလဲ။

ဦးနေမျိုးဇင် ။ ။ သူတို့လည်း ကျနော့်နည်းတူပေါ့ဗျာ။ တပ်မတော်ကို မျိုးချစ်တပ်မတော်၊ ပြည်သူလူထုကို တကယ် ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်၊ ပြည်သူလူထုနဲ့ တပ်မတော် ကြည်ကြည်ဖြူဖြူနဲ့ ပြည်သူသာအမိ ပြည်သူသာ အဖ ဆိုတာကို လေးလေးနက်နက်ခံယူကျင့်သုံးတဲ့ တပ်မတော်မျိုး ဖြစ်စေချင်ကြတဲ့ စိတ်ဆန္ဒတွေ၊ ပြင်းပြင်းထန်ထန် ပေါ်နေကြတယ်လို့၊ ကျနော် သုံးသပ်မိပါတယ်။ ဒါကြောင့်လည်း ကျနော်ပြောတဲ့အထဲမှာ ထည့်သွင်းပြီး ပြောခဲ့တာက၊ ကျနော်ဟာ တပ်မတော်ထဲကို ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ခံယူချက်နဲ့ ဝင်ရောက်ခဲ့ဖူးတဲ့ တပ်မတော်သား ဟောင်းတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်၊ ပြည်သူလူထုကိုသာပဲ အရင်ဆုံး ကျနော် ဦးညွှတ်အလေးပြုပါတယ်လို့ ပြောပြီး၊ အလေးပြုလိုက်တဲ့အခါမှာ ကြက်သီးထသလို ကျနော် ခံစားလိုက်ရတော့ ကျန်တဲ့ မျိုးချစ်တပ်မတော်သား တွေ အားလုံးကိုလည်း ဒီခံစားမှုမျိုးကို၊ ခံစားကြစေချင်ပါတယ်။ ဒါကြောင့် ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ စိတ်နေစိတ်ထားကို ဝန်ထမ်းအားလုံး မွေးမြူလာစေချင်တဲ့သဘောနဲ့ ကျနော်ပြောခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ပုဗ္ဗသီရိမြို့နယ်တင် မက၊ အနီးအနားမှာရှိတဲ့ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ အဲဒီ မြို့နယ်တွေကိုကော ရောက်ခဲ့ပါသေးလား ခင်ဗျ။ မရောက်ခဲ့ဘူး ဆိုရင်လည်း၊ အဲဒီ မြို့နယ်တွေကို တခြားအဖွဲ့တွေရဲ့ လှည့်လည်စည်းရုံးမှု အခြေအနေကို သိရှိသလောက် ပြောပြပေးပါ ခင်ဗျ။

ဦးနေမျိုးဇင် ။ ။ ကျနော့်ကိုတော့ ဒေါ်စန္ဒာမင်း (ဒက္ခိဏသီရိမြို့ မဲဆန္ဒနယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း) က ဖိတ်ခေါ်ထားပေမယ့်၊ ကျနော် မရောက်သေးပါဘူး။ ဒါပေမယ့် အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဟောပြောတဲ့ (နေပြည်တော်တိုင်း လေးမြို့နယ်) လေးပွဲ စလုံးမှာတော့၊ ကျနော် အနီးကပ် ပါသွားခဲ့ပါ တယ်။ တက်ရောက်လာတဲ့ လူထုပရိဿတ်ထဲက တုံ့ပြန်မှုတွေကို ကျနော် အနီးကပ် လေ့လာခဲ့ပါတယ်။ အဲဒီအခါမှာ လူထုက အားနဲ့အင်နဲ့ လာကြတယ်၊ တက်ရောက်လာကြတာ လူထုတွေ အင်မတန် များပြားတာကို ကျနော် တွေ့ခဲ့ရပါ တယ်။ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ဟောပြောသွားတဲ့ ကိုဇေယျာသော်အတွက် ပုဗ္ဗသီရိ စည်းရုံးရေးပွဲမှာ ဆိုရင်၊ ကွင်းထဲက တက်ရောက်လာကြတဲ့ ဘယ်ဘက်တခြမ်းလုံးက ပရိဿတ်တွေဟာ တပ်မတော်သားမိသားစုတွေ ဖြစ်တယ်ဆိုတာကို ကျနော် တွေ့ရှိခဲ့ရပါတယ်။ စစချင်း စကားပြောစင်မြင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် စပြီး မိန့်ခွန်းပြောတဲ့အချိန်မှာတော့ သူတု့တတွေအားလုံးဟာ သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့ပေါ့ ဗျာ။ ဒါက ဒီ ပွဲမျိုး သူတို့အတွက် ပထမဆုံးအကြိမ် ကြုံဆုံကြရတဲ့ သဘောမျိုးလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း နှစ်မိနစ်သုံး မိနစ်လောက် ဟောပြောမှုတွေ အရှိန်ကလေးရလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်မတန်ထက်သန်ကောင်းမွန် တဲ့ စကားတွေနောက်မှာ သူတို့တွေ စီးမျောသွားကြရင်းနဲ့၊ ပွင့်လင်းလာကြတယ်၊ လွတ်လပ်လာကြပုံ ရတယ်။ တပ်မ တော်ရဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်(၂၆) အရွယ်လောက် ငယ်စဉ်က BIA (Burmese Independence Army - ဗမာ့လွတ်လပ်ရေးတပ်မတော်) ယူနီဖေါင်းနဲ့ ဓါတ်ပုံပိုစတာကိုင်ဆောင်ထားတဲ့ ပရိဿတ် တစ်ယောက်ကို၊ ဒေါ်အောင်ဆန်းစုကြည်က လက်ညှိုးလှမ်းထိုးပြပြီးတော့၊ တပ်မတော်သားတွေရဲ့ဘဝတွေအကြောင်း ကို စပြီး ပြောပြလာတဲ့အခါမှာတော့၊ အဲဒီ တပ်မတော်မိသားစုပရိဿတ်အင်အားစုကြီးဟာ လှုပ်လှုပ်ရှားရှား ပျော်ပျော် ပါးပါး ဖြစ်လာကြပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို မေးသမျှမေးခွန်းတိုင်းကို အင်မတန်ပျော်ရွှင်မြူးတူးစွာ နဲ့ ပြန်ဖြေကြတယ်။ တပ်မတော်နဲ့ပြည်သူလူထု တစည်းတလုံးထဲေ နချင်ကြသလားဆိုတဲ့ မေးခွန်းမျိုးကို၊ နေချင်ပါ တယ်လို့ ပျော်ပျော်ပါးပါးကြီး ဖြေကြတာကို တွေ့လိုက်ရတဲ့ အခါမှာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့စင်မြင့်ရှေ့မှာ ရပ်နေတဲ့ ကျနော်ဟာ ရင်ထဲမှာ တော်တော် ကြက်သီးထသွားသလို၊ အင်မတန်လည်း ကြည်နူးချမ်းမြေ့ရပါတယ်။ တပ်မတော်မိ သားစုတွေက ပြည်သူလူထုနဲ့ စည်းစည်းလုံးလုံးနေမှ ရတော့မယ်ဆိုတဲ့သဘောကို နားလည်လာတာကို၊ ကျနော် အင်မတန်မှ ကျေနပ်ပီတိ ဖြစ်ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ဧရိယာထဲမှာ ရှိနေတဲ့ တပ်တွေက၊ တပ်မတော်သား တွေရဲ့ မိသားစုဝင်တွေက ဒီပွဲတွေကို လာရောက်ကြတယ် ဆိုတော့၊ တပ်မတော်သားတွေကတော့ တာဝန်ချိန်ဖြစ် နေလို့ လာချင်မှ လာနိုင်ကြမှာပေါ့။ အဲဒီတော့ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေဟာ၊ ဒီလိုပွဲတွေကို လာဖို့အ တွက်ဆိုတာက၊ တပ်ဆိုတာ စည်းနဲ့ကမ်းနဲ့နေကြရပြီးတော့ တပ်မတော်သားတွေ မက၊ သူတို့ရဲ့ မိသားစုဝင်တွေဟာ လည်း တပ်စည်းကမ်းအတိုင်း နေကြရတဲ့ အနေအထားမျိုးတွေ ရှိနေတဲ့အခါကျတော့၊ ဒီပွဲတွေ ရှိနေတဲ့အချိန်မှာ တပ် ရဲ့ခြံစည်းရိုး အပြင်ဘက်ကို သွားခွင့်ပြုလိုက်တာလား၊ ဒါမှမဟုတ် သူတို့တတွေ မိမိရဲ့အစီအစဉ်နဲ့မိမိ ဒီပွဲတွေကို လာ ရောက်ပါဝင်ဆင်နွဲှကြတာလား ခင်ဗျ။

ဦးနေမျိုးဇင် ။ ။ ကျနော်သုံးသပ် တွေ့ရှိရတာတော့၊ အဲဒီကာလမှာ တပ်မတော်ခေါင်းဆောင်ပိုင်းက လုံခြုံရေး သဘောသဘာဝအရ ရှိတဲ့အတိုင်းဆိုရင်၊ တပ်မတော်သားတွေကိုကော မိသားစုဝင်တွေကိုကော၊ တပ်ပြင်ထွက်ခွင့် (out pass) ကို ပိတ်ထားလိမ့်မယ်ဆိုတာ ကျိန်းသေပါတယ်။ ပိတ်ထားမယ် ဆိုတာ သတင်းလည်း ကြားရပါတယ်။ အခု ဒီပွဲကို တက်ရောက်လာတဲ့ တပ်မတော်သားတွေရဲ့မိသားစုဝင်တွေနဲ့ mufti (အရပ်ဝတ်) ဝတ်ထားတဲ့ တပ်မ တော်သားတွေရဲ့ စိတ်ခံစားချက်အရကိုပဲ၊ တစ်သက်မှာ တစ်ခါသာလျှင် ကြုံရနိုင်တာမျိုး၊ ပြီးတော့လည်း ခေတ်စနစ် အချိန်အခါအရ အကြောက်တရားနဲ့ချည့်ပဲ တစ်သက်လုံး နေသွားလို့ကတော့ လူမွေးသူမွေး ပြောင်မလာနိုင်ဘူး ဆို တာမျိုး၊တွေကို သူတို့တွေ လေးလေးနက်နက်သိလာကြလို့ ဘယ်လောက်ပဲ ချုပ်ခြယ်ထားပါစေ၊ ဘယ်လောက်ပဲ ကန့်သတ်ထားပါစေ၊ သူတို့ ရောက်အောင်လာကြပြီး ဒီပွဲကို အားပေးကြတယ်လို့၊ သူတို့ရဲ့ မျက်ဝန်းတွေ သူတို့ ပြော ဆိုတဲ့ အပြောအဆိုတွေ၊ ပွဲပြီးအပြန်မှာ သူတို့တွေ ရင်ကော့ပြီး အချင်းချင်းပြောဆိုသွားတဲ့ စကားသံတွေကို ကျနော် နားထောင်ပြီးတော့၊ အဲဒီလို ကျနော် သုံးသပ်တွေ့ရှိရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီလိုဆိုတော့ သူတို့တတွေဟာ တပ်ထဲကနေ မိမိတို့အစီအစဉ်နဲ့မိမိတို့ အပြင်ကို ထွက်လာကြပြီး၊ ဒီဟောပြောပွဲတွေကို လာရောက်နားထောင်ခဲ့ကြတဲ့ အနေအထားကို ဦးနေမျိုးဇင် တွေ့ခဲ့ရတာပေါ့။ အဲဒီတော့ သူတို့ တတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို နာယူဖို့ ဒီလိုလာကြတဲ့အပြင်၊ သူတို့တွေရဲ့မြို့နယ်အလိုက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ပေးလိုက်တဲ့၊ ကိုယ်စားလှယ်လောင်းတွေအပေါ်မှာ၊ ဥပမာအားဖြင့် ပုဗ္ဗသီရိမြို့နယ် က ဦးဖြိုးဇေယျာသော်အပေါ်မှာ၊ တခါ နေပြည်တော်တိုင်းအတွင်းမှာ ရှိတဲ့ တခြားမြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ကြတဲ့ NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ်မှာကော၊ ဒေသခံလူထုပရိဿတ်အပြင် အဲဒီက တပ်တွေ ထဲမှာ မဲပေးကြရမယ့်၊ တပ်မိသားစုတွေရဲ့ အနေအထား ဘယ်လိုရှိတယ်လို့ ထင်မြင်မိပါသလဲ ခင်ဗျ။

ဦးနေမျိုးဇင် ။ ။ ဟုတ်ကဲ့၊ တပ်မတော်သားပြည်သူ့ဝန်ထမ်းတွေကော တပ်မိသားစုဝင်တွေကော၊ အားလုံးဟာ ပြည်သူလူထုတွေပါပဲ။ သူတို့မှာလည်း သိမြင်ခံစားနားလည်နိုင်တဲ့ စွမ်းရည်တွေ ဥနှောက်တွေ၊ ကိုယ်စီ ရှိကြပါတယ်။ သူတို့ ဖြတ်သန်းခဲ့တဲ့ အခြေအနေအချိန်အခါတွေအရ သူတို့နဲ့ ဆက်ဆံမှုထိတွေ့နည်းပါးခဲ့တဲ့ သာမန်လူတန်းစား အလွှာအသီးသီးတို့ရဲ့ ခံစားချက်ပုံပန်းသဏ္ဍာန်တွေအရ သူတို့လည်း သိရှိကြပါတယ်။ ဘယ်လိုအခြေအနေအခွင့် အခါကို သူတို့ ရွေးချယ်သင့်သလဲ၊ ဘယ်သူဟာ စစ်မှန်တဲ့စိတ်ထားနဲ့ လူထုအတွက် နိုင်ငံအတွက် အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုလာသလဲ၊ လုပ်ပိုင်ခွင့်တွေ ရရှိဖို့ မဲဆွယ်လာသလဲ ဆိုတာကို၊ သူတို့ သိပါတယ်။ ဖြတ်သန်းခဲ့ပြီးတဲ့ ရွေး ကောက်ပွဲတွေ အနေအထားအရလည်း၊ အခု တကြိမ် ထပ်လာမယ့် ရွေးကောက်ပွဲမှာ သမိုင်းရိုင်းသင့် မရိုင်းသင့် ဆိုတာကို၊ ပြည်သူ့ဝန်ထမ်းတွေကိုယ်တိုင်လည်း ပင်ကိုယ်အသိစိတ်ဓါတ်ကိုယ်စီနဲ့ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ပွင့်လင်းလွတ်လပ်ခွင့်က အတိုင်းအတာတစ်ခုအထိပဲ ရရှိသေးတဲ့ကာလမှာတော့၊ သူတို့တတွေ မှာ ချိန်ဆနေရသေးတဲ့ အနေအထားမျိုးတွေ ရှိနေသေးလို့သာလျှင်၊ နေပြည်တော် ပုဗ္ဗသီရိကပွဲမှာ၊ ကျနော်တို့ မျှော် လင့်ထားသလောက် လူထုအင်အား ရောက်မလာတာလို့ ကျနော် သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း ပုဗ္ဗသီရိမှာ ရောက်လာတဲ့အင်အားကို ကြည့်လိုက်တော့၊ အဲဒီလောက်လာမယ် မထင်ထားတာမှာ ကွင်းကြီးပြည့်လုခမန်း၊ လူထု ပရိဿတ်တွေ ရောက်လာပြီးတော့၊ ဒီအထဲမှာ တပ်မတော်မိသားစုဝင်တွေ ပါပါသလားလို့ ဒေါ်အောင်ဆန်းကြည်က မေး လိုက်တဲ့အခါမှာ၊ ကွင်းတဝက်ကျော်ကျော်က ပါပါတယ်လို့ တခဲနက်ဟိန်းထွက် ဖြေလိုက်တဲ့ အသံကြီးကိုက နိုင်ငံရဲ့အနာဂတ် ဘယ်လိုဖြစ်လာတော့မယ် ဆိုတာကို ဖေါ်ပြနေသလို၊ ကျနော် တွေ့လိုက်ရပါတယ်။

ဦးရော်နီညိမ်း ။ ။ လာမယ့်ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ၊ နေပြည်တော်တိုင်း ပုဗ္ဗသီရိမြို့ မဲဆန္ဒနယ် ကနေ ဝင်ရောက် အရွေးခံမယ့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေ ယျာသော်အတွက်၊ မဲဆွယ်စည်းရုံးလှုပ်ရှားခဲ့သူ ဖြစ်ပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေပြည်တော်ခရီးစဉ်မှာ လုံခြုံ ရေးတာဝန်နဲ့လိုက်ပါခဲ့သူလည်း ဖြစ်တဲ့၊ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၉) ကျောင်းဆင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း NLD ပါတီဝင် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG