သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာ့လူ့အခွင့်အရေး


Special Rapporteur on human rights in Myanmar, Tomás Ojea Quintana
Special Rapporteur on human rights in Myanmar, Tomás Ojea Quintana

မတ်လ ၁၀၊ ၂၀၁၂။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတောင်းဆိုလှုပ်ရှားမှုကြီးတွေကို စတင်စေခဲ့တဲ့ မတ်လ ၁၃၊ ၁၆ ကျောင်းသားလှုပ်ရှားမှုတွေဖြစ်ခဲ့တာ နှစ်ပတ်လည် လာပြန်ပါပြီ။ ဒါပေမယ့် အခုနှစ် ထူးခြားချက်ကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာနဲ့အမျှ၊ မြန်မာပြည် ရဟန်းရှင်လူကျောင်းသားပြည်သူတို့ တောင့်တ လိုလားခဲ့တဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေ တကယ်ပဲ အသက်ဝင်လာပြီလားဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။

မစ္စတာသောမတ်အိုကေကင်တာနားကလည်း အခုရက်ပိုင်းမှာပဲ မြန်မာပြည်လူ့အခွင့်အရေးအခြေအနေ နောက်ဆုံးအစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကို တင်သွင်းပါတယ်။ ဒီအထဲမှာ ပြောင်းလဲမှုအချို့ကို အသိအမှတ်ပြု ချီးကျူး အားပေးထားပေမယ့်၊ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ လုပ်ဆောင်စရာတွေ အတော်ကျန်နေသေးတယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဟာ အခု ပြုပြင်ရေးခေါင်းစဉ်အောက်မှာ တိုးတက်လာမှုရှိနေပြီလားဆိုတာကို သုံးသပ်ဆွေးနွေးထားပါတယ်။ အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ ရန်ကုန်မြို့က လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တွဲဖက် အတွင်းရေးမှုး ကိုဘိုကြည်တို့ ဆွေးနွေးထားပါတယ်။

XS
SM
MD
LG