သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တပ်ဖွဲ့ အာဖဂန်ရွာတွေက ရုပ်သိမ်းရေး သမ္မတ Karzai တောင်းဆို

အာဖဂန်သမ္မတ Hamid Karzai က အာဖဂန်ရွာတွေမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းပြီး တခြားနေရာ တွေမှာ ပြန်လည်နေရာချထားဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းပတ် အစောပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တဦးက အာဖဂန်ရွာသား ၁၆ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ဆိုတဲ့ပြဿနာ ပေါ်ပေါက်ခဲ့ပြီးနောက် အခုလိုတောင်းဆိုလိုက်တာပါ။

အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ အရင်ကစီစဉ်ထားတဲ့အတိုင်း လုံခြုံရေးတာဝန်တွေကို ၂၀၁၄ ခုနှစ်မှာ လွှဲပြောင်း ယူမယ့်အစား ၂၀၁၃ ခုနှစ်မှာ အပြည့်အဝတာဝန်ယူလိုတယ်လို့ အာဖဂန်သမ္မတ Hamid Karzai က အာဖဂန် ကိုရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta ကိုပြောဆိုလိုက်တာပါ။ လုံခြုံရေးတာဝန်တွေ အားလုံးကို ပုခုံးပြောင်း လွှဲယူဖို့ အာဖဂန်တပ်ဖွဲ့တွေက အဆင်သင့်ဖြစ်နေကြပြီလို့ Mr. Karzai က မနေ့က ကြာသပတေးနေ့က ပြောဆိုလိုက် တာပါ။

ကာကကွယ်ရေးဝန်ကြီး Panetta ကလည်း ၂၀၁၄ ခုနှစ်မှာ နိုင်ငံတကာတိုက်ခိုက်ရေးတပ်ဖွဲ့တွေ ရုပ်သိမ်းပြီးတဲ့ နောက်ပိုင်း အာဖဂန်အမေရိကန်တပ်ဖွဲ့တွေ ရေရှည်ထားရှိရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အာဖဂန်အကြား ညှိနှိုင်းလို့ ရလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

အမေရိကန်နဲ့ အာဖဂန်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ရေးမှာ အဓိကအဟန့်အတားဖြစ်နေတဲ့ ညဘက် တွေမှာ ဝင်ရောက်စီးနင်းတဲ့ကိစ္စကိုလည်း သဘောတူညီမှုရလိမ့်မယ်လို့ ယူဆကြောင်းပြောပါတယ်။ ညဘက်စီးနင်းမှု တွေကြောင့် အာဖဂန် အရပ်သားတွေသေဆုံးရတာဖြစ်လို့ ညွန့်ပေါင်း တပ်ဖွဲ့ရဲ့ ဒီလိုစစ်ဆင်ရေး တွေ အဆုံးသတ် စေချင်တာဖြစ်တယ်လို့ Mr. Karzai ကပြောဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG