သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချုံချင်းမြို့တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ရာထူးကဖယ်ရှားခံရ


Bo Xilai
Bo Xilai

တရုတ်နိုင်ငံ ချုံချင်းမြို့က လူချစ်လူခင်များတဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် Bo Xilai ကို ရာထူးကနေ ဖယ်ရှား လိုက်ပါတယ်။ သူ့ရဲ့ လက်ရုံးတယောက်နဲ့ ပါတ်သက်နေတဲ့ နိုင်ငံရေး ပြဿနာတခု ဖြစ်နေချိန်မှာ Bo Xilai ရာထူးကနေ ဖယ်ခံရတာဖြစ်ပါတယ်၊

Bo ရဲ့နေရာမှာ ဒုဝန်ကြီးချုပ် Zhang Dejiang ကိုလွှဲပြောင်းခန့်အပ်လိုက်တယ်ဆိုတဲ့ ကြေညာချက်တိုလေးကို အစိုးရပိုင် ရှင်ဟွာသတင်းက ဒီကနေ့ ဖေါ်ပြပါတယ်။ ဘာကြောင့် Bo Xilai ကို ရာထူးကနေ ဖယ်လိုက်တာလည်း ဆိုတာကိုတော့ သတင်းထဲမှာ ပြောပြမထားပါဘူး။

အသက် ၆၂ နှစ် အရွယ် Bo Xilai ဟာ တရုတ်နိုင်ငံမှာ အာဏာအရှိဆုံး ပေါ်လစ်ဗြူရို အမြဲတမ်းကော်မတီ ခေါင်းဆောင် ရာထူးအတွက်ကိုတောင် လျာထားခံရသူဖြစ်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ ရဲချုပ်တာဝန်ကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ Wang Lijun က ချန်ဒူးမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့လက သွားပြီး ခုလှုံခွင့် တောင်းခံဖို့ ကြိုးစားခဲ့ တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီးထဲက Bo Xilai ရဲ့ ရပ်တည်ချက်အပေါ် သံသယပွား ခဲ့ကြပါတယ်။ Wang ကိုတော့ ချုံချင်းမြို့ ဒုတိယမြို့တော်ဝန်ရာထူးကနေ ဒီကနေ့ ကြာသပတေးနေ့မှာ ဖယ်ရှား လိုက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ် လို့ ရှင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG