သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စတုတ္တမဏ္ဍိုင် မီဒီယာနဲ့ အာဏာပိုင်


A Myanmar snack vendor reads a weekly journal as she waits for customers on Monday, Nov. 8, 2010, in Yangon, Myanmar. (AP Photo/Khin Maung Win)

မတ်လ ၁၇၊ ၂၀၁၂။ သတင်းမီဒီယာတွေဟာ နိုင်ငံတော်ရဲ့ စတုတ္တမဏ္ဍိုင်ဖြစ်တယ်လို့ သမတဦးသိန်းစိန်ရော၊ လွှတ်တော်ခေါင်းဆောင်တွေကပါ ပြောနေကြပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အသိအမှတ်ပြုလာသလို၊ လွတ်လပ်ခွင့်အချို့လည်း ရလာပါတယ်။

ဒါပေမယ့် တလောက အစိုးရဘတ်ဂျက်အသုံးစရိတ်နဲ့ပတ်သက်လို့ the Voice Weekly ဂျာနယ်က ဝေဖန်ရေးသားထားချက်ကို၊ သတ္တုတွင်းဝန်ကြီးဌာနကဖက်က ဥပဒေကြောင်းအရ အရေးယူသွားမယ်ဆိုပြီး အစိုးရပိုင် မီဒီယာတွေကတဆင့် ကြေညာသွားပါတယ်။ သတင်းမီဒီယာတွေဖက်က ဒါဟာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ မြင်ကြပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့ အစိုးရသစ်နဲ့ မီဒီယာအကြား တင်းမာမှုတွေရှိလာတဲ့အခြေအနေကြောင့်၊ လက်ရှိ အာဏာပိုင်အဆင့်ဆင့်အနေနဲ့ သတင်းမီဒီယာတွေအပေါ် လက်တွေ့ထားတဲ့ သဘောထား ရှုမြင်ချက်ဟာ မေးခွန်းဖြစ်လာပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှုး ဦးကိုကို(စက်မှုတက္ကသိုလ်)၊ အယ်ဒီတာ ဦးစည်သူအောင်မြင့်နဲ့ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်းတို့က ဆွေးနွေး ဖြေကြားထားပါတယ်။

XS
SM
MD
LG