သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ပြင်ဆင်မှုများ


မတ်လ ၂၆၊ ၂၀၁၂။ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာအစိုးရတွေနဲ့ သတင်းမီဒီယာတွေကို မြန်မာအာဏာပိုင်တွေက ဖိတ်ကြားခဲ့ပါတယ်။ ပြည်တွင်းမှာလည်း ပြည်တွင်းသတင်းဂျာနယ်တွေအပြင်၊ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအချို့ အစုအဖွဲ့အချို့ကလည်း ရွေးကောက်ပွဲ လွတ်လပ်မျှတရေး လေ့လာစောင့်ကြည့်သွားဖို့ ပြင်ဆင်နေပါတယ်။

အခု သတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့တွေ ဘယ်လို ပြင်ဆင်ကြသလဲ၊ ဘယ်လို စောင့်ကြည့်သွားမလဲဆိုတာကို ဆွေးနွေးထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီး၊ စေတနာဝန်ထမ်းလေ့လာရေးစောင့်ကြည့်ရေးအစုက ဦးမင်းခင်၊ မဇျိမသတင်းဌာန အယ်ဒီတာ ကိုစိန်ဝင်းတို့ အဓိက ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG