သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား Cyber Warfare နဲ့ ဓါတုလက်နက်အန္တရာယ် အမေရိကန်စိုးရိမ်


မြောက်ကိုရီးယားနိုင်ငံက သမာရိုးကျနည်းလမ်းတွေနဲ့ မဟုတ်ဘဲ Cyber Warfare လို့ခေါ်တဲ့ ကွန်ပျူတာ ကနေ တိုက်ခိုက်တာတွေ၊ ဓါတုဗေဒ လက်နက်နဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်လာနိုင်ချေ ပိုပြီးများလာနေ တဲ့အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းတပ်မှူးကြီး က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က ကွန်ပြူတာတွေကို Hack လုပ်ပြီး ထိုးဖောက်ခိုးယူတာတွေ၊ ဇီဝလက်နက်တွေ အဆင့်မြင့်တိုးတက်လာတာတွေကို မြောက်ကိုရီးယားရဲ့ ကြီးမားတဲ့ တပ်အင်အားနဲ့ ပေါင်းလိုက်ရင်၊ တောင် ကိုရီးယားနိုင်ငံအတွက် တကယ့်ကိုခြိမ်းခြောက်မှု အန္တရာယ်ကြီး ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ကြီး James Thurman က လွတ်တော်လက်နက်ကိုင် တပ်ဖွဲ့ရေးရာ ကော်မတီကို ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို စားနှပ်ရိက္ခာတွေ အကူအညီပေးနေတာကို အမေရိကန်အစိုးရက ရပ်တန့်ဖို့ ဆုံး ဖြတ်လိုက်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ မြောက် ကိုရီးယားနိုင်ငံက ရှေ့လကျရင် ဒုံးကျည်တစင်းကို လွှတ်တင်ဖို့ စီစဉ်နေတာကြောင့် အဲဒီလိုဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြောပါတယ်။

အာရှပစိဖိတ်လုံခြုံရေးဆိုင်ရာ ယာယီလက်ထောက်ကာကွယ်ရေးဝန်ကြီး Peter Lavoy က - ဒုံးကျည် လွှတ်တင်မယ့်ကိစ္စဟာ မြောက် ကိုရီးယားက နိုင်ငံတကာကို သူတို့လိုက်နာမယ်လို့ ကတိပြုထားချက်တွေကို လျစ်လျှူရှုလိုက်တာကို ပြသနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကြားနာပွဲအတွင်းမှာ ပြော လိုက်ပါတယ်။ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊ တရုတ် နဲ့ ရုရှားတို့က မြောက်ကိုရီးယားကို သူတို့ရဲ့ဒုံး ကျည်လွှတ်တင်မယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ တိုက်တွန်းခဲ့ကြပါတယ်။ မြောက်ကိုရီးယားကတော့ ဧပြီလ ဒုတိယပတ်အတွင်းမှာ လွှတ်တင်မယ်လို့ ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့လက သဘောတူညီချက်မှာတော့ ၊ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီးယားစီမံကိန်းကို တစိတ် တပိုင်းရပ်တန့်ပြီး၊ ဒုံးကျည်လွှတ်တင်ဖို့ကိစ္စကို ရပ်ဆိုင်းဖို့ သဘောတူခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်ဘက်က စားနှပ်ရိက္ခာတွေ အကူအညီပေးသွားဖို့ သဘောတူထားတာပါ။

XS
SM
MD
LG