သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကော့မှုးမြို့နယ် ရောက်ရှိ (ဗွီဒီယို)


ကောမှုးမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက် အရွေးခြယ်ခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့နယ် ဝါးသင်္ခံကျေးရွာကို မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ရောက်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ လာရောက်စဉ်မှာပဲ ကော့မှုးမှာ NLD ပါတီ မဲဆွယ်ရေးအဖွဲ့တွေကို အနှောက်အယှက်တွေ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ဒီလို နှောက်ယှက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ယူဆပြီး၊ ဒေါ်အာင်ဆန်းစုကြည် ခရီးစဉ်အတွက် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ဝါးသင်္ခံကျေးရွာကို ငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိ အနားယူနေပြီး၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီက မဲရုံတွေကို လှည့်လည်ကြည့်မယ်လို့ သိရပါတယ်။

XS
SM
MD
LG