တပ်မှူးတပ်သား ပြောစကား (၁၀၇)
၂၀၁၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့ နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး၊ အခုအခါ ကျိုက်မရောမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင် အငြိမ်းစားဗိုလ်မှူးကြီးဦးသာအောင်ရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးသဲုးသပ်ချက် အမြင် တွေကို ဦးရော်နီညိမ်းက၊ ဆက်သွယ်မေးမြန်းပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ၊ တင်ဆက်လိုက်ပါတယ်။
ဦးသာအောင် ။ ။ ကျနော်က ၁၉၇၄ ခုနှစ်မှာ အလုပ်သင်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄)မှာ တက်ရောက်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျောင်းဆင်းပြီးတော့ အလုပ်သင်ဗိုလ်အဖြစ်နဲ့ အမှတ်(၁၀၃)ခြေမြန် တပ်ရင်းမှာ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ အဲဒီ့ကနေ ၁၉၇၇ ခုနှစ်မှာ လားရှိုးက ခြေလျင်တပ်ရင်း အမှတ် (၄၁)ကို ရောက်ပြီး တပ်မတော်မှာ ပြန်တမ်းဝင်အရာရှိ ဖြစ်ခဲ့ပါတယ်။ တပ်မတော်မှာ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ ၂၀၀၁ ခုနှစ်မှာ ဗျူဟာမှူးအဖြစ် ခြေမြန်တပ်မဖြစ်တဲ့ လွိုင်လင်က အမှတ်(၂) စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂)မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ကျခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကျန်း မာရေးချို့တဲ့လာတာကြောင့် တပ်မတော်ကနေ အငြိမ်းစားယူခဲ့ပါတယ်။ တပ်ကထွက်ပြီးတော့ ကျနော့် ဇာတိမြို့ရဲ့အသင်း ကျိုက်မရောမြို့နယ်အသင်းမှာ ပထမပိုင်းမှာ နာယကအဖြစ်နဲ့ လူမှု ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျနော်ဟာ ကျိုက်မရောမြို့နယ်အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါ တယ်။ ကိုယ့်မြို့နယ်ရဲ့ လူမှုရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ရင်းနဲ့ ကိုယ့်မြို့နယ် တိုးတက်ဖို့အ တွက် ရွေး ကောက်ပွဲဝင်ရင် ပိုပြီးလုပ်နိုင်လိမ့်မယ်လို့ ယူဆလာပါတယ်။ အဲဒီအယူအဆနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျိုက်မရော မြို့နယ်မဲဆန္ဒနယ်ကနေ မွန်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုယ့်မြို့နယ်တိုးတက်ရေးကို လုပ်ကိုင်ရင်းနဲ့ မွန်ပြည်နယ် တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ချင်တဲ့ဆန္ဒလည်း ပါဝင်ပါတယ်။ ကျနော်က မွန်လူမျိုးဖြစ် တာကြောင့် မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်ပါ တယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ဘယ်ပါတီကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသလဲ ခင်ဗျာ။
ဦးသာအောင် ။ ။ အဲဒီတုန်းက ကျနော် ၀င်ချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိတာကြောင့်၊ ဒီမိုကရေစီနဲ့ အနီး စပ်ဆုံးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပါတီ ဥက္ကဋ္ဌက ဦးသုဝေ ဖြစ်ပါ တယ်။ ကျနော် ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲဆန္ဒ နယ်မှာတော့ ပြည်-ခိုင်-ဖြိုး ပါတီကပဲ အနိုင်ရရှိသွားခဲ့ပါတယ်။
ဦးသာအောင် ။ ။ ၂၀၁၀ ရွေးကောက်ပွဲကတော့ ပြည်ပအသံလွှင့်ဌာနတွေနဲ့ အင်တာဗျူးတွေမှာ ဦးသုဝေ တို့ ပြောသွားတဲ့အတိုင်းပါပဲ။ နည်းအမျိုးမျိုးနဲ့ ခံသွားခဲ့ရတဲ့ အပိုင်းတွေ ရှိခဲ့တာပေါ့ ခင်ဗျာ။ နည်းအမျိုးမျိုး ဆိုတာမှာ ကြိုတင်မဲ တွေ ရှိတယ်၊ မဲပေးတဲ့နေရာမှာ တချို့က စာမတတ်တော့ မဲဘယ်လိုပေးရမှန်း မသိတဲ့ အပိုင်းတွေ အားနည်းတဲ့အပိုင်း တွေ ရှိတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီး လုပ်သွားတော့၊ ကျနော်လည်း ရှုံးနိမ့်ခဲ့ပါတယ်။ ကျနော် ရွေးကောက်ပွဲဝင်တော့ ကျနော်တို့ ကျိုက်မရောမြို့နယ်အသင်းရဲ့ ဒုဥက္ကဋ္ဌက ဦးအုန်းဖေ ဖြစ်ပါတယ်။ ဦးအုန်းဖေနဲ့ ကျနော်နဲ့က ရွေး ကောက်ပွဲကို အတူတူဝင်ပါတယ်။ သူလည်း ဒီမိုက ရက်တစ်ပါတီ (မြန်မာ)ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားတော့ ကျနော်တို့နှစ်ယောက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)က အတူတူထွက်ခဲ့ကြ ပါတယ်။ ကျနော်က ၂၀၁၁ ဇန်န၀ါရီလလောက်မှာ ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဦးတင်ဦး (NLD နာယက ကြီး အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး) နဲ့ တွေ့ဆုံခဲ့ပြီးတော့၊ ပါတီဝင်လျှောက်လွှာတွေ ခေါ်ယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၂ ဖေဖေါ်ဝါရီလမှာ ကျနော် ပါတီဝင် လျှောက်လွှာတင်ခဲ့ပါတယ်။ NLD မှာ ကျနော်တို့ ဗိုလ်လောင်းဘ၀ကတည်းက တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင် ဦး ရှိနေတာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုနဲ့ အတူလက်တွဲပြီး ဆောင်ရွက်လိုတဲ့ဆန္ဒရှိတာရယ်၊ နောက်တစ်ခု က လက်ရှိ နိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွဲပြီး နိုင်ငံတော်ကို ဦးဆောင်ဦး ရွက်ပြုနိုင်မယ့် ပါတီတွေကို မမြင်တဲ့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လက်တွဲပြီး လုပ် ကိုင်ဆောင်ရွက်သွားဖို့ ကျနော် ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကနေ နှုတ်ထွက်ခဲ့ပြီးတော့မှ NLD ကို ၀င်တယ် ဆိုတော့၊ ဒေါ်နေရည်ဗဆွေ လိုပဲပေါ့။
(ဒေါ်နေရည်ဗဆွေ = ပါလီမန်ဒီမိုကရေစီခေတ် ၁၉၄၈ - ၁၉၆၂ အတွင်း ၀န်ကြီးချုပ်တာဝန်ယူဖူးသူ ကွယ် လွန်သူ ဖဆပလ ခေါင်းဆောင်ဟောင်း ဦးဗဆွေ၏ သမီး ဖြစ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒီမိုကရက် တစ်ပါတီ(မြန်မာ)ကို တည်ထောင်စဉ် အတွင်းရေးမှူးတာဝန်ယူခဲ့ရာက ၂၀၁၂ တွင် နှုတ်ထွက်၍၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ၀င်ခဲ့သူ)
ဦးသာအောင် ။ ။ ဟုတ်ပါတယ်၊ ဒေါ်နေရည်ဗဆွေ ကိုနေဖူးဗဆွေတို့၊ ကျနော်တို့တွေ တဖွဲ့ထဲ အတူတူပါ ပဲ။
ဦးရော်နီညိမ်း ။ ။ အခုပြီးစီးသွားခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ် နေရာတွေ (၄၅)နေရာရှိတဲ့အထဲက (၄၄)နေရာမှာ ၀င်ပြိုင်ခဲ့တာမှာ (၄၃)နေရာ အနိုင်ရရှိခဲ့တယ်၊ လူထုက စစချင်းမှာ ဒီလောက် မမျှော်လင့်ထားဘူး၊ အားလုံးထဲက တ၀က်လောက်နိုင်ရင်တောင် ကံကောင်း လို့ ထင်ခဲ့ကြတယ်။ NLD ကိုယ်တိုင်ကလည်း နေပြည်တော်က မဲဆန္ဒနယ် လေးခုမှာ ဘယ်လိုမှ နိုင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပေမယ့်လည်း နောာက်ဆုံးမှာ နေရာတိုင်းလိုလိုမှာ အနိုင်ရရှိသွားအောင် ဖြစ်ခဲ့ရ တာကို၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။ လူထုရဲ့ မဲပေးမှုအခြေအနေနဲ့ NLD ဘာ့ကြောင့်နိုင်သွားတယ်လို့ ထင်ပါ သလဲ ခင်ဗျ။
ဦးသာအောင် ။ ။ လူထုက အကျပ်အတည်းတွေ ဖြစ်နေတယ်လေ။ ဒီအကျပ်အတည်းက လွတ်အောင် ဘယ်သူ များ လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့၊ အကောင်းဆုံးအနေအထားအဖြစ် လူထုရဲ့ စိတ်ထဲမှာ မြင်တာက NLD ကပဲ သူတို့ရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ်၊ နောင်အနာဂတ်မှာ လည်း သူတို့ရဲ့ စားဝတ်နေရေး အဆင် ပြေအောင် လုပ်ပေးနိုင်မယ်၊ စသည်ဖြင့် အဲဒီလို ယူဆကြ တာကြောင့် လူထုက NLD ကို မဲထည့်ပေးလိုက်ကြ တယ်လို့၊ ကျနော်က ယူဆပါတယ်။
ဦးရော်နီညိမ်း ။ ။ အကျပ်အတည်းတွေ ရှိနေတယ် ဆိုတာမှာ၊ တပ်မတော်မှာလည်း အကျပ်အ တည်းတွေ ရှိနေတာ ပဲ။ တပ်မတော်သားတွေအနေနဲ့ကော ဒီရွေးကောက်ပွဲပေါ်မှာ ဘယ်လိုများမျှော်လင့် ချက် ထားလိုစိတ်ရှိမလဲလို့၊ တပ်မ တော်ကနေ အနားယူလာခဲ့တဲ့ အရာရှိကြီးတစ်ယောက်အနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ကိုယ်ကလည်း ခံစားကြည့် ပြီး မြင်နိုင်မှာဖြစ်တော့၊ အဲဒီအပေါ်မှာ ဘယ်လိုများ မြင်ကြည့် ခံစားကြည့်လို့ ရခဲ့ပါသလဲ ခင်ဗျ။
ဦးသာအောင် ။ ။ တပ်ကတော့ အမိန့်ပေးတဲ့စနစ်အောက်မှာပဲ ရောက်နေတယ်လေ။ အဲဒီအ တွက်ကြောင့် တပ်မ တော်သားတွေက သူတို့ရဲ့ခံစားချက်တွေကို ဖေါ်ပြတဲ့နေရာမှာ၊ အခက်အခဲရှိနေ ကြတော့ ဘယ်ပါတီဘယ်အဖွဲ့ အစည်းကို သူတို့ကတော့ ကြိုက်နှစ်သက်တယ် ဆိုတာ၊ ပြောရခက်နေကြ တယ်။ ဒီတော့ တပ်အနေနဲ့ကတော့ အထက်က ညွှန်ကြားတဲ့အတိုင်း ဘယ်ပါတီဘယ်အဖွဲ့အစည်းအ တွက် ဆောင်ရွက်ပေးပါလို့ ဇြစ်လာတဲ့အတိုင်း၊ သူတို့မှာ ဆောင်ရွက်ကြရပါတယ်။
ဦးရော်နီညိမ်း ။ ။ ခုတကြိမ်မှာတော့ တပ်မတော်သားတွေအနေနဲ့ ကိုယ်ဆန္ဒရှိတဲ့အတိုင်း မလုပ်ကိုင်နိုင် ခဲ့ကြဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုံးကတော့ တပ်မတော်သားတွေအနေနဲ့ ကိုယ်ဆန္ဒရှိတဲ့အတိုင်း မဲပေးနိုင် ခဲ့ကြတာကို တွေ့ခဲ့ကြရပါတယ်။ အထူးသဖြင့် တပ်နယ်တွေဖြစ်တဲ့ မဲဆန္ဒနယ်တွေ အားလုံးလိုလိုမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒီတခေါက်မှာလည်း ဦးဝင်းထိန်(၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းထိန်)ကို ကျနော်မေးကြည့်တဲ့အခါမှာ၊ သူဟာ မိတ္ထီလာမဲဆန္ဒနယ်ကနေ သွားပြီး အရွေးခံတယ်။ မိတ္ထီလာတပ်နယ်က အရာရှိ အရာခံ အကြပ်တပ်သားတွေကိုလည်း၊ တနည်းတဖုံနဲ့ တစ်ဆင့် ထိတွေ့ခွင့် ရခဲ့တာကြောင့်၊ မိတ္ထီလာတပ်နယ်မှာ သူ ဒီလောက်ကြီး မရှုံးနိုင်ဘူးလို့ သူ တွက်ခဲ့တယ်။ ဒါပေ မယ့် မိတ္ထီလာတပ်နယ်က မဲရုံတိုင်းမှာ သူရှုံးခဲ့တဲ့သဘောရှိပါတယ်။ အဲဒီတော့ ဗိုလ်မှူးကြီးသာအောင်ပြော တဲ့ သဘောနဲ့၊ ကိုက်ညီနေတာကိုလည်း တွေ့ရပါတယ်။ တကယ့် ရွေးကောက်ပွဲကြီးက ၂၀၁၅ ခုနှစ်မှာ လာတော့မယ်ဆိုတော့၊ အဲဒီအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တပ်မတော်သားတွေလည်း မှန်မှန်ကန် ကန် မဲပေး နိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်လို့၊ ဒီပါတီဝင် တစ်ယောက်အနေနဲ့ သုံးသပ်စဉ်းစားမိပါသလဲ ခင်ဗျ။
ဦးသာအောင် ။ ။ တပ်မတော်သား ဖြစ်နေတာအတွက်ကော၊ ၀န်ထမ်း ဖြစ်နေတာအတွက်ကော၊ သူတို့ ဘက်က စဉ်းစားပေးရင်တော့ ဒီဘက်က ဘယ်လောက်ပဲ ထိုးဖေါက်စည်းရုံးပေမယ့် နည်းနည်းလုပ်ရခက် တယ် ခင်ဗျ။ ဥပမာ ဘယ်နေရာမှာ ထောင်ထားတဲ့မဲပုံးမှာ ဘယ်ပါတီဘယ်အဖွဲ့အစည်းက မဲ ဘယ်လောက် ရတယ် မရဘူးဆိုတာက၊ ပေါ်နေတယ်လေ။ အဲဒီလို ပေါ်နေတော့၊ ဘယ်သူက ဘယ်ပါတီဘယ်အဖွဲ့အစည်း ကို မဲပေးတယ် မပေးဘူးဆိုတာ မူမတည်တော့ပဲ၊ ပါတီဘယ်အဖွဲ့အစည်းတွေရဲ့ မဲရရှိမှုအနည်းအများပေါ်မှာ ပဲ မူတည်ပြီး စောင့်ကြည့်ခံရမှာ ဖြစ်တယ်။ အဲဒီတော့ သူတို့မဲထည့်ကြတဲ့နေရာမှာ ကျနော်တို့က ထင် သလောက် မရနိုင်ဘူး။ အဲဒီတော့ ကျနော်တို့ဘက်က စည်းရုံးရေး ဘယ်လိုပဲလုပ်လုပ် ထင်ထား သလောက် မဖြစ်ပဲ ထိုးဖေါက်နိုင်မှုက အားနည်းနေလိမ့်မယ်လို့၊ ယူဆပါတယ်။
ဦးရော်နီညိမ်း ။ ။ ၁၉၉၀ ရွေးကောက်ပွဲတုံးကတော့ တပ်ထဲမှာ ဗိုလ်မှူးကြီးကိုယ်တိုင် မဲပေးခဲ့လိမ့်မယ် ထင်ပါတယ်။ အဲဒီတုံးက မဲပေးခဲ့ရတာက ဗိုလ်မှူးကြီးရဲ့အတွေ့အကြုံအရ လွတ်လွတ်လပ်လပ် ရှိပါသလား ခင်ဗျ။
ဦးသာအောင် ။ ။ အဲဒီတုံးက ဖိအားက နည်းပါတယ်။ နည်းတယ်ဆိုတာက အတိုင်းအတာတခုအထိ မဲပေးခဲ့ရတာ လွတ်လပ်မှုရှိပါတယ်။ အခုအနေအထားနဲ့ကတော့ ကွာပါတယ်။
ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးကြီးတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်က ဘာ့ကြောင့် NLD ရွေးကောက်ပွဲ ၀င်ရတယ်ဆိုတာကို သူပြောခဲ့တာမှာ အချက်သုံးချက် ရှိပါ တယ်။ အဲဒီအထဲက နောက်ဆုံးအချက်အပေါ် ဗိုလ်မှူးကြီးရဲ့အမြင်ကို ကျနော် သိချင်ပါတယ်။ အဲဒီအချက် ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့အတွက်ကြောင့်၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရောက်တယ်၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲက မသင့်မလျော်တာတွေထဲက တစ်ခုကို ဥပမာပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ(၁၄)ရက်နေ့က လူထုကိုမဲဆွယ်စည်းရုံး တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ အဲဒါကတော့ လွှတ်တော်ထဲမှာ ၂၅%သော ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ တပ်မတော်သားတွေဟာ ရွေးကောက်တင် မြှောက်ခြင်း မခံရပဲ appointed (ရွေးချယ်ခံရခြင်း မဟုတ်ပဲ အထက်မှခန့်အပ်ခြင်းခံရသူ) အလိုအလျောက်ခန့်အပ်ခံရ သူတွေအဖြစ် ရောက် ရှိနေကြတဲ့ ကိစ္စမျိုးကို သူ့အနေနဲ့ ပြုပြင်ချင်တယ်လို့၊ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗိုလ်မှူးကြီးသာအောင်အနေနဲ့ကော ဘယ်လိုသဘောထား ရှိပါသလဲ ခင်ဗျ။
ဦးသာအောင် ။ ။ တဖြည်းဖြည်းတော့ လုပ်ရမှာပဲ ခင်ဗျ။ တချိန်ချိန်မှာ ပေါ့ဗျာ။ အင်ဒိုနီးရှားမှာလည်း ဒီအတိုင်းပါပဲ။ ပထမကတော့ ထုံးစံအတိုင်း ရာခိုင်နှုန်းတစ်ခုအထိ တပ်မတော်သားခန့်အပ်ကိုယ်စား လှယ်တွေ ထည့်ထားတာပေါ့ ဗျာ။ တဖြည်းဖြည်းတော့ ဒီရာခိုင်နှုန်းကို လျှော့ချသွားရမှာပေါ့။ နှစ်အပိုင်း အခြားအရကတော့ လွှတ်တော်ရဲ့ ဒုတိယ ငါးနှစ်၊ တတိယငါးနှစ်အထိ ကြာချင်ကြာပါလိမ့်မယ်။ တချိန်ချိန် မှာ ဒီရာခိုင်နှုန်း တဖြည်းဖြည်းလျော့လာပြီး နောက်ဆုံး မှာ ပျောက်ကွယ်သွားလိမ့်မယ် ထင်ပါတယ်။
ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက ဒီရက်ပိုင်းမှာ သမ္မတကြီးဦးသိန်းစိန်က ကမ္ဘောဒီယားမှာ ASEAN ထိပ်သီး အစည်းအဝေး တက်ရင်းနဲ့ ဘာပြောခဲ့သလဲဆိုတော့၊ သူ့အစိုးရအနေနဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့၊ ပြောသွားခဲ့ပါတယ်။ NLD ပါတီဝင်ဖြစ်ပြီးတော့ တပ်မတော်အရာရှိကြီးဟောင်းလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးအနေနဲ့ က၊ NLD နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ အစိုးရခေါင်းဆောင်က ပြောလာတဲ့အချိန် မှာ၊ NLD ဟာ တပ်မတော်နဲ့ အတူတူပူးပေါင်းပြီးတော့ နိုင်ငံ့အရေးတွေကို ဆက်ပြီးလုပ်ဆောင်သွား ဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောနေပါတယ်၊ တပ်မတော်နဲ့ အတူတူပူးပေါင်းပြီးလုပ်မှ ရမယ်၊ တပ်မတော်မပါရင် တပ်မတော်ရဲ့ထောက်ခံမှုကို မရဘူး ဆိုရင် ရှေ့ဆက်သွားရမယ့်ခရီးတွေဟာ ခရီး မရောက်နိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောနေ ပါတယ်၊ အဲဒီတော့ ဗိုလ်မှူးကြီးရဲ့ အမြင်ကကော ဘယ်လိုရှိပါသလဲ။ ရှေ့ဆက်သွားရမယ့်ခရီးတွေမှာ NLD နဲ့ ပူး ပေါင်းဆောင်ရွက်သွားကြဖို့ တပ်မတော်အပေါ်မှာ ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုဖြစ်စေချင်ပါလဲ ခင်ဗျ။
ဦးသာအောင် ။ ။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့နိုင် ငံရဲ့ အမျိုးသားခေါင်းဆောင် တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပါ။ အဲဒီတော့ ကြည့်မယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဦးဆောင်တဲ့ NLD အနေနဲ့ တပ်မတော်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရ မယ် ဆိုတဲ့ အယူအဆဟာ သဘာဝကျပါတယ်။ နောက်တစ်ခုက မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ တပ်မတော် မရှိပဲနဲ့ တပ်မတော် မပါပဲနဲ့ တပ်မတော်က ပူးပေါင်းပါဝင် ဆောင်ရွက် မှုမရှိပဲနဲ့၊ မြန်မာ့နိုင်ငံရေးမှာ အောင်မြင်မှု မရနိုင်ပါဘူး။ ဒါက အဓိကအချက်ပါပဲ။ တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေး ကြီးတဲ့အတွက်ကြောင့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တပ်မတော်ကို စည်းရုံးပြီးတော့ ပူးပေါင်းပြီး တော့ ဆောင်ရွက်သွားမှ အောင်မြင်ပါမယ်။ စည်းရုံး တဲ့နေရာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့အတွက် ကြောင့် တပ်မတော်သားတွေကလည်း ကိုယ့်ရဲ့ဖခင်ဗိုလ်ချုပ်ရဲ့ သမီးအပေါ်မှာ နဂိုရှိရင်းစွဲ သံယောဇဉ်တွေနဲ့ ထပ်ပေါင်းပြီး ပူးပေါင်းလုပ်ဆောင် သွားကြရင်၊ မြန်မာ့နိုင်ငံရေးမှာ မအောင်မြင်စရာ မရှိပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ယူရ ပါလိမ့်မယ်။ လောလောဆယ်ကတော့ တပ်မတော်ဟာ အမိန့်ပေးစနစ်အောက်မှာ ရှိနေတယ်၊ စည်းရုံးလှုပ် ရှားဖို့ လွတ်လပ်မှုမရှိဘူး။ တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လာရောက်ပူးပေါင်းဆောင်ရွက် ဖို့က အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဖို့လိုအပ်ပါတယ်။ သမ္မတကြီးဦးသိန်းစိန်ကလည်း NLD နဲ့ ပူးပေါင်းဆောင်ရွက်ချင် တယ်လို့ဆိုတော့၊ အတိုင်းအတာ တစ်ခုထိတော့ အောင်မြင်မှုတွေ ရသွားကြမှာပါ။ လက်ရှိအနေအထားအရ မအောင်မြင်သေးသည့်တိုင်အောင် အချိန်တစ်ခုကို ရောက်လာ ရင်တော့ အောင်မြင်သွား လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဗိုလ်မှူးကြီး ခင်ဗျား။
ဦးရော်နီညိမ်း ။ ။ ၁၉၇၆ ခုနှစ်မှာ အလုပ်သင်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄) ကနေ ကျောင်းဆင်း ခဲ့ပြီးတော့၊ တပ်မတော်(ကြည်း) ခြေမြန်တပ်မတစ်ခုဖြစ်တဲ့ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂)(လွိုင်လင်)မှာ စစ်ဗျူဟာမှူးတာဝန်အထိ ထမ်းဆောင်ခဲ့သူ၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် မွန်တိုင်းရင်းသား အငြိမ်းစားဗိုလ်မှူးကြီး ဦးသာအောင်ကို ဆက်သွယ်မေးမြန်း တင်ဆက်ခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။