ဧပြီ ၁၄၊ ၂၀၁၂။ ကြားဖြတ်ရွေးကောက်ပွဲတွင်းမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုလာမယ့် ဧပြီ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် ပြန်လည်ခေါ်ယူချိန်မှာ လွှတ်တော်တွင်း ၀င်ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ စည်းမျဉ်းအရ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာပိုင်တွေအကြား ညှိုနှိုင်းမှုတွေတော့ ရှိနေပါတယ်။
စစ်တပ်ကိုယ်စားလှယ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကြံခိုင်ရေးပါတီကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ထဲ ၀င်ရောက်ပြီဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတရပ်လို ဖြစ်လာမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တွင်း ၀င်ရောက်လာမယ်ဆိုရင်၊ အတိုက်အခံ လှုပ်ရှားမှုတွေ အတိုက်အခံတွေ အင်အားကောင်းလာမလား၊ လွှတ်တော်တွင်း အခြေအနေမှာလည်း အပြောင်းအလဲတွေ ရှိလာမလား၊ အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့နဲ့ အတူ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှုး ဦးငွေလင်းတို့က ဆွေးနွေးထားကြပါတယ်။