သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မျက်မမြင်ရှေ့နေ အမေရိကန်က ကာကွယ်စောင့်ရှောက်ထား


တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ရှေ့နေ ချန်ဂွမ်ချန်(Chen Guangcheng)ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်စောင့်ရှောက် မှုအောက်မှာ ရှိနေပြီးတော့၊ ဒီကိစ္စအတွက် တရုတ်နဲ့ အမေရိကန်အရာရှိတွေ ဆွေးနွေးပွဲတွေ စတင်တော့မယ်လို့၊ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှား တဲ့ China Aid အဖွဲ့ခေါင်းဆောင် ဘော့ဘ်ဖူး (Bob Fu) က ဧပြီ (၂၈) ရက်နေ့က ပြောဆိုလိုက် ပါတယ်။

China Aid အဖွဲ့က စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အသေးစိတ်အချက်အလက် အနည်းငယ်သာ ဖေါ်ပြထားပေမယ့်၊ ဒီအချက်တွေက ချန်ဂွမ်ချန်နဲ့ နီးစပ်တဲ့သူတွေကို ကိုးကားထားပါတယ်။ ဘေဂျင်းမြို့တော်က ၁၉၈၉ တိယန်နမင်ရင်ပြင် အရေးအခင်းမှာ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ ဘော့ဘ်ဖူးက၊ ချန်ဂွမ်ချန်ရဲ့ အရေးကိစ္စဟာ၊ အမေရိကန် ပြည်ထောင်စုရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံခင်း တမန်ခင်းအတွက် အချက်အချာကျတဲ့ အချိန်ကာလတစ်ရပ် ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ချန်ဂွမ်ချန် ဟာ နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်း (Shandong) ပြည်နယ်၊ ဒေါင်ရှီဂူ (Dongshigu) ဆိုတဲ့ ရွာကလေး က အစောင့်အကြပ်ထူထပ်စွာချထားတဲ့ သူ့ရဲ့ နေအိမ်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့၊ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ညအထိ၊ သူပျောက်ဆုံးသွားတာကို အာဏာပိုင်တွေက မသိခဲ့ကြပါဘူး။ ချန်ဂွမ်ချန်ဟာ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးမှာ ခိုလှုံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီးယားနျူလန် (Victoria Nuland)က ဧပြီ (၂၇) ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ချန်ကွမ်ချင်ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။ တရုတ်အစိုးရရဲ့ မိသားစုတစု၊ ကလေးတ ယောက် ပေါ်လစီကြောင့် ကိုယ်ဝန်ဖျက်ချရခြင်းတွေကိုပါ ဖြစ်ပေါ်စေတဲ့၊ နိုင်ငံတဝန်းအာဏာပိုင်တွေရဲ့ အနိုင်ကျင့်တရား လက်လွတ်လုပ်ခဲ့တာ တွေကို ချင်ကွမ်ချင်ဟာ မှတ်တမ်းပြုစုခဲ့တာကြောင့် ထောင်ဒဏ်လေးနှစ် ကျခံခဲ့ရပြီး၊ ၂၀၁၀၊ စက်တင်ဘာမှာ ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနောက် ဆက်ပြီး နေအိမ်မှာအကျယ်ချုပ်နဲ့ အကျဉ်းချခံနေရတာဖြစ်ပါတယ်။

XS
SM
MD
LG