သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေးဗိုလ်ချုပ် ဦးဆောင်တဲ့ ကုလအကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကြားဝင်စေ့စပ်ပေးထားတဲ့ ဆီးရီးယားအစိုးရနဲ့ အတိုက ်အခံတွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပေါက်သွားပြီးတဲ့နောက်၊ ဖြစ်ပေါ်လာတဲ့ နောက်ထပ် အကြမ်းဖက်မှုတွေအပေါ် နှစ်ဘက်လုံးက အပြန်အလှန် စွပ်စွဲနေချိန်မှာ၊ နော်ဝေနိုင်ငံသား ဗိုလ်ချုပ်ရောဘတ်မုဒ် (Robert Modd) ခေါင်းဆောင်တဲ့ ကုလသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ၊ ဧပြီ (၂၈)ရက်နေ့က မြို့တော် ဒမတ်စကပ် (Damascus) ကို ရောက်ရှိသွားပါပြီ။

နောက်တစ်ဖွဲ့က နိုင်ငံအလယ်ပိုင်းက အတိုက်အခံတွေ အားကောင်းရာ ဟုမ်းစ် (Homs) မြို့ကို သွား ရောက် ခဲ့ကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက၊ ဆီးရီးယားကို တောင့်တင်းတဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင် (၃၀၀) စေလွှတ်ဖို့၊ အတည်ပြုထား ပေမယ့်၊ အခုအချိန်အထိတော့ ဆီးရီးယားကို စောင့်ကြည့်လေ့လာသူ တစ်ဒါဇင် လောက်ပဲ ရောက်ရှိနေပါသေးတယ်။

ဆီးရီးယားစစ်တပ်ကနေ အတိုက်အခံ တပ်တွေဘက်ကို ထွက်ပြေးကူးပြောင်းနေသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြားမှာပဲ၊ မနေ့က စနေနေ့က ဒမတ်စကပ်မြို့ပြင်နေရာတွေနဲ့ လာတာကီး ယား (Latakia) ဒေသတွေမှာ၊ အစိုးရတပ်တွေနဲ့ အတိုက်အခံတပ်တွေ ဆက်ပြီးတိုက်ခိုက်နေကြပြီးတော့၊ အနည်းဆုံး သေဆုံးသူ (၁၀) ယောက်ရှိခဲ့တယ် လို့၊ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

This item is part of
XS
SM
MD
LG