သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်း

Burma's President Thein Sein (L) shakes hands with representatives from the Karen National Union (KNU) in his private farm house in Naypyitaw, April 7, 2012.
Burma's President Thein Sein (L) shakes hands with representatives from the Karen National Union (KNU) in his private farm house in Naypyitaw, April 7, 2012.

မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ဖို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေကို တစုတည်း တဖွဲ့တည်းအနေနဲ့ လုပ်ဆောင်သွားတော့မယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးစကားပြောရာမှာ အရင်လိုမဟုတ်ပဲ ပြည်ထောင်စုအဆင့် တာဝန်ခံတဲ့ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့တည်းရှိတော့မှာဖြစ်တယ်လို့ ရထားဝန်ကြီး ဦးအောင်မင်းက မနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

တိုင်ရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ပေါင်းစည်းထားတဲ့ UNFC ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ကောင်စီဖက်က တောင်းဆိုချက်အရ အခုလို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို တဖွဲ့တည်းက တာဝန်ခံဖို့ဖြစ်လာတယ်လို့ ဦးအောင်မင်းက ပြောဆိုပါတယ်။ အရင်တုန်းကတော့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ဦးအောင်သောင်းဦးဆောင်တဲ့အဖွဲ့နဲ့ ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့တို့ရှိတဲ့နေရာမှာ အခုတော့ တဖွဲ့တည်း ထားရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်အဖွဲ့ထဲမှာတော့ စစ်ဖက်အရာရှိကြီးတွေ ဥပဒေပြုအမတ်တွေနဲ့ အခြား တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် ဝန်ကြီးတွေပါဝင်ပြီး၊ ဒု သမတက ဦးဆောင်လိမ့်မယ်လို့ အမည်မဖော်သူ တဦးကို ကိုးကားပြီးတော့ ရိုက်တာသတင်းမှာ ရေးပါတယ်။ အထူးသဖြင့်တော့ KIA ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအာဏာပိုင်တွေ အကြား ဆွေးနွေးရာမှာ၊ ပြေလည်မှုတွေ မရပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့နောက် အခုလို အပြောင်းအလဲတွေ ဖြစ်လာတာပါ။ ကချင် KIA ဌာနချုပ်ကို မြန်မာဖက်က သိမ်းယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းဟာလည်း လုံးဝမမှန်ကန်တဲ့အကြောင်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအာဏာပိုင်တွေက ပြောသွားပါတယ်။

This item is part of
XS
SM
MD
LG