သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးလေကြောင်းစစ်ကြောင့် ဂဒါဖီ သားတဦး သေဆုံး


နေတိုးလေကြောင်းစစ်ကြောင့် ဂဒါဖီ သားတဦး သေဆုံး
နေတိုးလေကြောင်းစစ်ကြောင့် ဂဒါဖီ သားတဦး သေဆုံး

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လစ်ဗျားခေါင်းဆောင် ဂဒါဖီ သားတဦးနဲ့ မြေးသုံးဦး သေဆုံးသွားပါတယ်။

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လစ်ဗျားခေါင်းဆောင် ဂဒါဖီ သားတဦးနဲ့ မြေးသုံးဦး သေဆုံးသွားပါတယ်။ ဒါပေမယ့် မိုမာဂဒါဖီကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုလို ဂဒါဖီသားတဦးနဲ့ မြေးသုံးဦးသေဆုံးတယ်ဆိုတာ လစ်ဗျားအစိုးရပြောခွင့်ရသူ မူဆာ အီဗရာဟင်က အတည်ပြုကြေညာပါတယ်။

အသက် ၂၉နှစ်အရွယ် ဆာရီ အယ် အာရဗ် ဂဒါဖီ နဲ့ ဂဒါဖီရဲ့မြေးတွေဟာ လစ်ဗျားခေါင်းဆောင်ကဒါဖီကို နေတိုးတပ်ဖွဲ့က လုပ်ကြံတိုက်ခိုက်မှုအတွင်းမှာ သေဆုံးသွားရတယ်လို့ သူက ပြောပါတယ်။

မစ္စတာဂဒါဖီနဲ့ သူ့ဇနီးဖြစ်သူဟာ အဲဒီအချိန် သူ့သားနေအိမ်မှာရှိနေပေမယ့် ထိခိုက်ဒဏ်ရာမှု မရှိဘူးလို့ ပြောပါတယ်။ အိမ်ကတော့ အတော်လေး ပျက်စီးသွားတာတွေ့ရပါတယ်။

ဒီမတိုင်ခင်ကတော့ လစ်ဗျားခေါင်းဆောင်ကဒါဖီက လစ်ဗျားပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ဆွေးနွေးဖို့ နေတိုးတပ်ဖွဲ့ကို ကမ်းလှမ်းခဲ့ပါတယ်။ နေတိုးတပ်ဖက်ကတော့ ဒါကို လက်မခံ ပယ်ချပါတယ်။

လစ်ဗျားအစိုးရအနေနဲ့ အပြောမဟုတ် လက်တွေ့ လုပ်ပြတာကိုပဲ မြင်လိုတယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က တုန့်ပြန်ပါတယ်။ လစ်ဗျားအစိုးရပ အပစ်အခတ်ရပ်စဲရေးကို အရင် အကြိမ်ကြိမ် ကြေညာခဲ့ပေမယ့် အရပ်သားတွေကို ဆက်ပြီး တိုက်ခိုက်နေတုန်းပဲလို့ နေတိုးဖက်က ပြောပါတယ်။ လစ်ဗျားမှာ အရပ်သားတွေကို အန္တရာယ်ပေးနေသရွှေ့တော့ နေတိုးမဟာမိတ်တပ်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

စနေနေ့ မနက်ပိုင်းက ဂဒါဖီက ရုပ်မြင်သံကြားကနေ ၁ နာရီခွဲကြာ မိန့်ခွန်းရှည်ပြောပြီး၊ နေတိုးဖက်က တိုက်ခိုက်တာတွေ ရပ်ပေးရင် စေ့စပ်ဆွေးနွေးမယ်ဆိုပြီး ကမ်းလှမ်းသွားတာပါ။ ဂဒါဖီ အဲဒီ မိန့်ခွန်းပြောနေချိန်မှာလဲ အဲဒီအနီးကို နေတိုးတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်တာ လုပ်ခဲ့ပါသေးတယ်။

XS
SM
MD
LG