သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်


မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ အနိုင်ရသွားပါတယ်။

လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သိရသလောက်တော့ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာ ၄၄ နေရာမှာ မဲဆန္ဒနယ်အများစုကို အနိုင်ရနေပြီလို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပေါ်မှာ ကိုယ်စားလှယ်တွေအနေနဲ့ ဝမ်းသာကြတယ်ဆိုတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ တဘက်မှာလည်း တခြားပါတီတွေက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆိုမျိုးကို မလုပ်ကြဖို့၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာကျစေမယ့် အပြုအမူကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲအတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ ရှိခဲ့ပြီး NLD ပါတီက ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG