မေလ ၁၄၊ ၂၀၁၁။ Clean Government သန့်ရှင်းသော အစိုးရဖြစ်စေရမယ်လို့ သမတသစ် ဦးသိန်းစိန် က သမတကျမ်းသစ္စာဆိုတဲ့ မိန့်ခွန်းမှာ လူထုကို ဂတိက၀တ်ပေးခဲ့ပါတယ်။ အုပ်ချုပ်မှုသစ် အုပ်ချုပ်မှုကောင်းကို လိုချင်တဲ့ လူထုအတွက်တော့ ဒီမိန့်ခွန်းဟာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရသလို၊ သတင်းတွေမှာလည်း ဒီမိန့်ခွန်းဟာ ကိုးကားဖော်ပြစရာဖြစ်လာရပါတယ်။
အစိုးရသစ်အနေနဲ့ ဒီ ဂတိက၀တ်အတိုင်း လက်တွေ့မှာဖြစ်လာဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်ပါသလဲ။ တကယ်ပဲ အဂတိလိုက်စားမှု လျော့ပါးရေးအတွက် ဖြစ်နိုင်ချေ အလားအလာ မြင်ပါသလား။ ဒီအကြောင်းကို သုံးသပ်ဆွေးနွေးထားကြပါတယ်။
အဓိက ပါဝင်ဆွေးနွေးသူတွေကတော့ ဗဟုဖွံဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွှန့် နဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေတို့ ဖြစ်ကြပါတယ်။