သုံးရလွယ်ကူစေသည့် Link များ

မေလ ၂၁၊ ၂၀၁၁။ နိုင်ငံတော်သမတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသားပေါင်း တသောင်းခွဲဝန်းကျင်လွတ်မြောက်တဲ့အထဲ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်သူ ၅၀ ကျော်ပဲ ပါရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ လက်တွေ့မြင်ရဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအစပြုဖို့ ပထမဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးပါလို့ ပြည်တွင်းရော နိုင်ငံတကာကပါ တောင်းဆိုနေကြပါတယ်။

အခု လွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါလို့ ပြည်တွင်းပြည်ပ တောင်းဆိုချက်အပေါ် အပြုသဘောတုန့်ပြန်လိုက်တယ်လို့ ယူဆပါသလား။ ဒါမှမဟုတ် အစိုးရသစ်တရပ်ရဲ့ လုပ်ရိုးလုပ်စဉ်တရပ်လိုသဘောပဲ ထင်မြင်ပါသလား။ အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုအဖွဲ့က ဦးစောနိုင်းနိုင်းနဲ့၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေသူ သတင်းအယ်ဒီတာတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်တို့ ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG