သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမွဲတေမှုလျှော့ချရေး မြန်မာအစိုးရသစ် ဘာတွေ ဆောင်ရွက်သင့်သလဲ


ဆင်းရဲမွဲတေမှုလျှော့ချရေး မြန်မာအစိုးရသစ် ဘာတွေ ဆောင်ရွက်သင့်သလဲ

မေလ ၂၈၊ ၂၀၁၁။ ကျေးလက်ဖွံဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အစိုးရသစ်အနေနဲ့ စီးပွားရေးပညာရှင် စိုက်ပျိုးရေးပညာရှင်တွေရဲ့ အကြံဥာဏ်တွေကို တောင်းခံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရည်အများဆုံးဖြစ်တဲ့ လယ်သမားတွေရဲ့ စားဝတ်နေရေးအဆင်ပြေချောင်လည်မယ်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံဖြိုးလာမယ်၊ ကျေးလက်ဒေသ ဖွံဖြိုးလာမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကို အထိုက်အလျောက် လျှော့ချသွားနိုင်မယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

အခု သမတဦးသိန်းစိန်ဦးဆောင်မယ့် ဆင်းရဲမွဲတေမှုလျှော့ချရေးအစီအစဉ်မှာ တကယ်တမ်း ဘာတွေ ဆောင်ရွက်သင့်တယ်ယူဆပါသလဲ၊ ဒီမိုကရေစီအပြောင်းအလဲအတွက် လုပ်ဆောင်နေတဲ့ အတိုက်အခံတွေကရော ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်နိုင်မလဲ ဆိုတာတွေကို အခု တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်လို့ သတင်းဆောင်းပါးတွေ ရေးနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ၈၈ကျောင်းသား ကိုဖြိုးမင်းသိမ်းနဲ့ တိုက်ရိုက်ဆွေးနွေးမေးမြန်းထားပါတယ်။

XS
SM
MD
LG