မြန်မာနိုင်ငံမှာ လူငယ်တချို့က ဟစ်ဟော့သံစဉ်တွေနဲ့ မြန်မာဂီတကို ရောနှောကြသလိုပဲ ကနေဒါက အိန္ဒိယသူတဦးကတော့ ကမ္ဘာ့နိုင်ငံမျိုးစုံက ဂီတသံစဉ်တွေနဲ့ တေးသီချင်းတွေ ဖန်တီးတတ်သူပါ။ သူ့သီချင်းတွေမှာဆိုရင် ပါကစ္စတန်က ဂါဇယ်ဂီတ .. ကနေဒါက ကဲလ်တစ်ဂီတကနေ ပေါ်တူဂီ ဖာဒိုဂီတအဆုံး ရသစုံကို ပေါင်းစပ်ပေးထားတာပါ။ ကမ္ဘာမှာ နံမည်တလုံးတွင်စေခဲ့ပြီဖြစ်တဲ့ ကီရင်နဲ့ ဒီအစီအစဉ်မှာ မိတ်ဆက်ပေးထားပါတယ်။