တပ်မှူးတပ်သား ပြောစကား (၀၆၃)
မြန်မာနိုင်ငံက အစိုးရသစ်နဲ့ နိုင်ငံရေးအင်အားစုတွေက ခေါင်းဆောင်တွေ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူ တွေကို၊ အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ် John McCain က ဇွန်လ(၁)ရက်နေ့ ကနေ ဇွန်လ(၃)ရက်နေ့ အထိ၊ မြန်မာနိုင်ငံမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ Mr. McCain နဲ့ တွေ့ဆုံခဲ့ကြတာမှာ၊ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင် တဲ့ ဆွေးနွေးမှုဖြစ်ပေါ်လာရေး အခြေအနေတွေကို၊ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး နဲ့ မေးမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်
ဦးရော်နီညိမ်း ။ ။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင်၊ အမေရိကန်ဘက်က မစ္စတာဂျွန်မက်ကိန်းတို့ ကွန်ဂရက်လွှတ်တော်ကပဲ ဖြစ်ဖြစ်၊ အမေရိကန်အစိုးရကပဲ ဖြစ်ဖြစ်၊ ဝင်ပြောပေးရင်တောင်၊ မျှော်လင့်ချက်ရှိ ရဲ့လားဆိုတာ၊ ကျနော်တို့က သိချင်ပါတယ်။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ခုလောလောဆယ် ချက်ချင်းကတော့ ဖြစ်နိုင်ဦးမယ် မထင်သေးဘူးခင်ဗျ။ ဘာဖြစ် လို့လဲဆိုတော့ အခုလက်ရှိ (မြန်မာ) အစိုးရဘက်ကလည်း၊ ထင်ရှားသိသာတဲ့တိုးတက်မှုတွေ ပြဖို့ လိုတယ်ပေါ့၊ အဲဒီလို ပြတယ် ဆိုရင်၊ အမေရိကန်ဘက်ကလည်း၊ သူတို့ဘက်ကလည်း၊ ထပ်တူထပ်မျှညီမျှတဲ့ အကျိုးသက် ရောက်မဲ့ဟာတွေကို ပြမယ် ဆိုတဲ့ဟာမျိုး၊ ဂျွန်မက်ကိန်းက ပြောကြားသွားတာပဲ ရှိတယ်။ အဲဒီတော့၊ ခုလော လောဆယ်မှာ၊ စောင့်ကြည့်ရမှာ ဖြစ်တယ်ပေါ့ဗျာ။ စောင့်ကြည့်ရမဲ့ ကိစ္စတွ test case တွေကတော့၊ အများ ကြီး ရှိတာပေါ့ဗျာ။ နံပါတ်တစ်ကတော့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရမယ်ဆိုတာကို၊ ကျနော်တို့က ထပ်ခါတလဲလဲ တောင်းဆိုတဲ့အပြင်၊ Joseph Yun (၂၀၁၁ မေလအတွ်ငး မြန်မာနိုင်ငံကို သွား ရောက်ခဲ့သော အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး) လာတုန်းက လည်း၊ ကျနော်တို့က ဒီစကားပဲ ပြောခဲ့တာပဲ။ နောက်ပြီးတော့ ကုလသမဂ္ဂက လူ့အခွင့်အရေးကိစ္စဘက်က လာတဲ့ပုဂ္ဂိုလ်ကိုလည်း (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏လူ့အခွင့်အရေး ကိုယ်စားလှယ်Tomas Ojae Quintana) ကျနော်တို့က ဒီလိုပဲ ပြောခဲ့တယ်။ အမေရိကန်ဘက်က လွှတ်တော်(Congress)က လာတဲ့သူတွေ ကိုလည်း၊ ကျနော်တို့က ဒီလိုပဲ ပြောတယ်။ အစိုးရဘက်ကလာတဲ့သူတွေကိုလည်း ကျနော်တို့က ဒီလိုပဲ ပြော တယ်။ ဂျွန်မက်ကိန်းက၊ သူကလည်း ဒါကို(နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ် ပေးရေး) သေသေချာချာ (မြန်မာအစိုးရသစ်ကို) ပြောပါတယ်တဲ့။ ကျနော်တို့က (ဂျွန်မက်ကိန်းကို) သူ အဲဒီလို ပြောတဲ့အခါမှာ သူတို့ (မြန်မာအစိုးရ)ရဲ့ တုန့်ပြန်ချက်ဟာ၊ ဘယ်လိုရှိပါသလဲလို့ မေးလိုက်တဲ့ အခါကျတော့၊ ဂျွန်မက်ကိန်းက သိပ်ပြီး တိတိကျကျ အဖြေပေးနိုင်တာမျိုးတွေ မရှိသေးဘူး ခင်ဗျ။ အဲဒါကြောင့်မို့၊ ဂျွန်မက် ကိန်းက ကြေညာချက်တွေထဲမှာ တိုက်တွန်းချက်ကို သူ ရေးသွားတာက၊ ဒီလိုဟာမျိုး (နိုင်ငံရေးအကျဉ်းသား များအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးခြင်း) ပြသတာ ထင်ရှားရင်၊ အမေရိကန်ဘက်ကလည်း (မြန် မာနိုင်ငံနဲ့ပတ်သက်ပြီး) ထင်ရှားသိသာတဲ့တိုးတက်လုပ်ဆောင်မှုတွေ ပြဖို့အတွက်၊ အသင့်ရှိတယ်၊ အဆင်သင့် ရှိတယ်၊ ဒီကိစ္စဟာ အမေရိကန်ရဲ့အကျိုးအတွက် ပြောတာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရှေ့ဆက်ပြီးသွားရမဲ့ခရီး မှာ၊ ရင်ကြားစေ့နိုင်မဲ့ အခြေအနေမျိုး ဖန်တီးနိုင်အောင် ရည်ရွယ်ပြီး၊ ပြောတာပါ ဆိုပြီး၊ သူထုတ်တဲ့ ကြေညာ ချက်ထဲမှာ တွေ့တယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ တွေ့ဆုံဆွေးနွေးရေးက၊ အန်ကယ်တို့ဘက်က တလျှောက်လုံး မေတ္တာရပ်ခံ တောင်းဆို လာတာ ဖြစ်ပေမဲ့၊ တဘက်က သဘောထားက၊ ကျနော်တို့က ဘယ်လို ကြည့်ရသလဲ ဆိုတော့၊ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးရွှေမန်းတို့ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့လွှတ်တော်တွေ၊ နောက်တခါ ဒု သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဦးတင်အောင်မြင်ဦးတို့ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့ ဦး ဆောင်နေတဲ့ အစိုးရအဖွဲ့ဟာ၊ အနားယူသွားပြီဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အရိုက်အရာကိုဆက်ခံတဲ့ အုပ် စုပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သဘောထားက၊ တွေ့ဆုံဆွေးနွေးစရာ မလိုဘူးဆိုတဲ့ ဟာမျိုး ရှိတယ်လို့၊ ကျနော်တို့က ယူဆရပါတယ်။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ တဘက်ကလည်း သူတို့ (မြန်မာအစိုးရ) ပုံသဏ္ဍာန်ကို ကြည့်ရတာ၊ အမေရိကန်နဲ့ ပြန်ပြီးတော့ နီးစပ်ချင်တယ်ဆိုတဲ့ ဆန္ဒသဘောတွေ ရှိတယ်လို့၊ မှတ်ယူရမှာပေါ့ ခင်ဗျာ။ ဘာကြောင့်လဲဆို တော့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လူ့အခွှင့်အရေးနဲ့ပတ်သက်လို့၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ ဘက် ကနေ၊ သေသေချာချာကို ဘက်လိုက်ပြီး၊ ကျနော်တို့ဘက်ကနေ အားပေးပြောဆိုနေတဲ့ ပုဂ္ဂိုလ်၊ ဂျွန်မက်ကိန်း ကို တချိန်လုံး (၁၅)နှစ်လုံးလုံးကို လာခွင့်မပေးခဲ့ပဲ၊ အခု လာခွင့်ပေးလိုက်တယ့်ကိစ္စကပင်လျှင်၊ သူတို့ (မြန်မာ အစိုးရ) ဟာ၊ ဘာပဲပြောပြော အရင့်အရင်ထက် စာရင်တော့၊ အမေရိကန်နဲ့ ဆက်ပြီး လုပ်ရင်းကိုင်ရင်း နီးစပ် သွားချင်တယ် ဆိုတဲ့၊ စေတနာတွေတော့ ရှိပုံပေါက်တယ်လို့ မြင်ရတယ် ဗျ။ အဲဒီတော့ စောင့်တော့ကြည့်ရဦး မှာပဲ ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ တွေ့ဆုံဆွေးနွေးရေးနဲ ပတ်သက်လို့၊ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် (ထောက်လှမ်းရေးမှူးချုပ်ဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း) ရာထူးက ဖယ်ရှားခံရခါနီး အချိန်တုန်းကလည်း၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်လုနီးနီး အခြေအနေမျိုး ရောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း၊ ဒါကို ပြောတယ်။ နောက်ဆုံးကျတော့၊ ပျက်သွားရတာကတော့ တဦးတယောက်ထဲရဲ့သဘောနဲ့၊ အမိန့်နဲ့ ပျက် သွားခဲ့ရတယ် ဆိုတဲ့၊ အနေအထားမျိုးကို တွေ့ရပါတယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးက တကယ်ပဲ မျှော် လင့်ထားလို့၊ ရနိုင်ပါ့မလား ခင်ဗျ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ တွေ့ဆုံဆွေးနွေးရေးအပေါ်မှာပဲ မူတည်ပြီးအဖြေရှာရမယ် ဆိုတာကတော့၊ ဒါက မလွဲမသွေ သွားရမယ့်ဟာလို့တော့၊ မှတ်သားထားရမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့၊ ဂျွန်မက်ကိန်းရဲ့ ကြေညာ ချက်ထဲမှာ ပါတဲ့ဟာတခုက၊ သူက တချက် ထောက်ပြထားတာ ရှိတယ်။ ကျနော်တို့ကို သူပြောတုန်းကလည်း၊ ဒါက ပါပါတယ်။ သူ့ ကြေညာချက် မထွက်ခင်၊ ဒါကို ကျနော်က မပြောချင်လို့၊ မပြောပဲနေခဲ့တာ တခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့၊ အခု Arab World (အာရပ်ကမ္ဘာ) မှာ ဖြစ်နေတဲ့ကိစ္စဟာ၊ အဲဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူးတဲ့။ ဒီလှိုင်းတံပိုးကြီး ထလာတဲ့ကိစ္စဟာ၊ ပွားများလာမဲ့ကိစ္စ ဖြစ်တယ်တဲ့။ Totalitarian Governments (နိုင်ငံသားများအား လွတ်လပ်ခွင့်မပေးပဲ အလုံးစုံချုပ်ကိုင်ထားသော အစိုးရများ) တွေပေါ့ ဗျာ၊ အထူးသဖြင့် One Party ruling (တပါတီ အုပ်ချုပ်ရေးစနစ်) အစိုးရတွေဟာ၊ ဒီမိုကရေစီရဲ့လှိုင်းတံပိုးအောက် မှာ ရောက်သွားကြလိမ့်မယ် ပေါ့။ သို့သော် သွားရပုံသွားရနည်းမှာ အဲဒီလို (အာရပ်ကမ္ဘာမှာလို) ကြမ်းကြမ်း တမ်းတမ်းနဲ့ သွားကြရတဲ့ နည်းထက်၊ အချိန်ရှိနေတုန်းမှာ၊ မြန်မာနိုင်ငံ အနေနဲ့၊ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး လုပ်မှ ဖြစ်မယ်ဆိုတာကို၊ သေချာ မှတ်ယူထားရမယ်တဲ့။ ခင်ဗျားတို့ အခု အချိန်မှာ တွေ့ဆုံဆွေးနွေးအဖြေရှာ evolutionary နည်း (အပြောင်းအလဲသို့ ညင်သာချောမွေ့စွာ တဖြည်းဖြည်းသွားသော နည်း)ကို လုပ်ပါ၊ သို့ တည်းမဟုတ် ဒီလို မလုပ်ဘူးဆိုရင်၊ အာရပ်ကမ္ဘာမှာဖြစ်နေတဲ့ မလိုလားအပ်တဲ့၊ သွေးထွက်သံယို revolutionary နည်း (ကြမ်းတမ်းမှုများနှင့် အပြောင်းအလဲသို့ ရောက်ရှိသွားသောနည်း) နဲ့ သွားကြရတဲ့အဖြစ် ကို ရောက်ရှိလာမှာတော့၊ မလွဲမသွေပါပဲ တဲ့။ သူက စစ်သား-စစ်သားချင်း (မြန်မာအစိုးရကို) စစ်သားစကား ပြောသွားခဲ့တာ။ ကျနော် မြင်တာကတော့၊ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းသာလျှင် အကောင်းဆုံးနည်းလမ်း ဆိုတာ၊ သူတို့ (မြန်မာအစိုးရ) သဘောပေါက်ပုံ ကြလိမ့်မယ်လို့၊ ထင်ပါရဲ့ ဗျာ။
ဦးရော်နီညိမ်း ။ ။ ထောက်အထားအနေနဲ့ ကျနော်က ဘာကို ပြန်ကြည့်သလဲ ဆိုတော့၊ ဒုတိယဗိုလ်ချုပ် ကြီးဟောင်း ဦးထွန်းကြည်ရဲ့ စာအုပ်ထဲမှာ၊ တွေ့ဆုံဆွေးနွေးရေးကို အခု မပြောနဲ့၊ သူက အဲဒီတုန်းက ဗိုလ် လောင်းပဲ ရှိသေးတယ်၊ ၁၉၅၈ ခုနှစ်တုန်းက။ ဗမာပြည်ကွန်မြူနစ်ပါတီက တွေ့ဆုံဆွေးနွေးရေးကို တောထဲက နေ တောင်းဆိုတဲ့ကိစ္စကို၊ သူ့ရဲ့ အမြင်၊ အဲဒီတုန်းက ဗိုလ်လောင်းလေးပဲ ရှိသေးတဲ့ (ဒုတိယ) ဗိုလ်ချုပ်ကြီး ဟောင်း ဦးထွန်းကြည်ရဲ့ အမြင်က၊ ဒါဟာ မောက်မာတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ မြင်တယ်လို့၊ သူက သူ့ရဲ့စာအုပ်ထဲမှာ ရေးထားတယ်။ ဗိုလ်ချုပ်ကြီးထွန်းကြည်ဆိုရင်၊ တပ်မ (၈၈) မှာ၊ သူက ဒုတပ်မမှူး၊ ဗိုလ်ချုပ် မှူးကြီး သန်းရွှေက တပ်မမှူးနဲ့၊ အတူနေခဲ့ကြတာ။ သူတို့တွေ က တအုပ်စုထဲတွေ။ ဗမာပြည်ကွန်မြူနစ်ပါတီပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အစိုးရနဲ့ အတိုက်အခံ ဖြစ်နေတဲ့ဘက်က၊ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတာကို၊ “ရာရာစစ ငါတို့ကို ဒါမျိုးလာပြီး တောင်းဆိုရမလား” ဆိုတဲ့၊ သဘောထားရှိ နေတဲ့ အုပ်စုရဲ့ အရိုက်အရာကို ဆက်ခံတဲ့၊ လက်ရှိ (မြန်မာအစိုးရ) ခေါင်းဆောင်တွေရဲ့ အချိန်မှာ၊ တွေ့ဆုံဆွေးနွေးရေးကို၊ ကျနော်တို့က အုပ်စုခွဲပြီး တွက်ရမလို ဖြစ်နေတယ်။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ကျနော် တခု စိတ်မကောင်းတာက၊ မနေ့က သူတို့ရဲ့ သတင်း (ဂျွန်မက်ကိန်းနှင့် မြန်မာလွှတ်တော်များနှင့် မြန်မာအစိုးရတို့၏ ခေါင်းဆောင်များ တွေ့ဆုံမှုကို၊ မြန်မာအစိုးရမှ ထုတ်ပြန်သည့် ၂၀၁၁ ဇွန်လ (၂) ရက် နေ့စွဲနှင့် သတင်း) မှာ၊ ပြောသွားတာက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစည်းရုံးရေး အတွက် နယ်ကိုထွက်တဲ့ အခါမှာ၊ လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး၊ သူတို့ကို ပြောတဲ့အခါမှာ၊ ဘယ်သူမဆို ပြည် သူပြည်သားအားလုံးကို အစိုးရအနေနဲ့ လုံခြုံရေးပေးရမှာက မှန်ပါတယ် ပေါ့လေ၊ သို့သော် သူတို့ ဒေါ်အောင် ဆန်းစုကြည်ကို သတ်မှတ်ထားတာက၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်အရပ်သူပဲ ဖြစ်တယ်လို့၊ ဒီလိုပြော ချလိုက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သူတယောက်ပဲလို့ အတွေးအခေါ် ရှိနေတုန်း မှာ ဆိုရင်၊ ဒီဥစ္စာက သူတို့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့၊ ဒေါ် အောင်ဆန်းစုကြည်အပေါ် ထားရှိတဲ့ ဒီသဘောထား မျိုးကိုတော့၊ ကျနော်တို့က မကြိုက်နှစ်သက်ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုအမျိုးသမီးလဲ၊ ဘယ်လိုခေါင်းဆောင်လဲဆိုတာ၊ သူတို့လည်း သိနေပြီပဲဗျာ။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လျှမ်းလျှမ်း တောက် ခေါင်းဆောင်တယောက် ဖြစ်လာတာကို၊ သူတို့လည်း သိမှာပဲ။ ဒီလိုသိထားတဲ့ဟာမှာ၊ ဂုဏ်ရောင် ပြောင်တဲ့ စကားမျိုးကို မပြောနိုင်ရင်တောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သူ တယောက်လိုပဲ သဘောထားတယ်လို့ ပြောလိုက်တဲ့ဟာက ဆိုရင်၊ သူတို့ စိတ်ထဲမှာ၊ ယတိပြတ်ပြီး တွေ့ဆုံဆွေးနွေးတော့မယ် လို့ ပြောတဲ့အသံ ပြောတဲ့သဘောတော့ မသက်ရောက်သေးဘူးလို့၊ ကျနော်ကတော့ ထင်သေးတယ်။ ဘာဖြစ် လို့လဲ ဆိုတော့၊ သူတို့ လုံးပမ်းချင်တာက သူတို့ရဲ့လွှတ်တော်ထဲမှာပဲ။ အဲဒီကနေ လွှတ်တော်ထဲမှာ ဆွေးနွေး ပြီးတော့ အဖြေရှာ ကြရမယ်၊ လုပ်ကြရမယ်ဆိုတဲ့ ကိစ္စတွေအပေါ်မှာပဲ၊ ကြိုးစားလုံးပမ်းသွားချင်တယ်ဆိုတဲ့ သဘော ရှိကောင်းရှိပုံရတယ်။ သူတို့က လွှတ်တော်ထဲမှာ အများစုဆိုတဲ့ အခါကျတော့၊ မာန်မာနတရားတွေက တော့ ခေါင်းထဲမှာ ဝင်နေဦးမှာ ရှိနေဦးမှာပဲ။ အဲဒီလို အရှိန်အစော်ရှိနေတဲ့အပြင်၊ (ကန့်လန့်ကာ) နောက်ဘက် မှာ နေနေတဲ့ ပုဂ္ဂိုလ်ကြီး (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ကိုလည်း၊ သူတို့ လောလောဆယ် လွန်ဆန်နိုင်ဦးမယ် မဟုတ်သေးဘူးလို့၊ အဲဒီလိုပဲ အကြမ်းဖျဉ်း တွက်လို့ ရပါတယ်။ ကျနော်ကတော့ တွေ့ဆုံဆွေးနွေးရေးစားပွဲကို တချိန်မှာ ရောက်ရမှာပဲလို့၊ ယုံကြည်တယ်။
ဦးရော်နီညိမ်း ။ ။ သူတို့က အင်တာနက်က နှစ်မျိုးလုပ်ထားတာ။ ပြည်သူလူထုကိုတော့ အင်တာနက် ကောင်းကောင်း မရအောင်လုပ်ထားပေမဲ့၊ သူတို့အတွက်ကတော့ အကုန်ရတဲ့လိုင်းကို ယူထားတာ။ သူတို့ အကုန်သိတယ်။ သူတို့ အကုန် ဖတ်လို့ ရနေတယ်။ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့က (ပြည် သူလူထုထက်) ပိုပြီးပြည့်ပြည့်စုံစုံသိတယ်။ မျှော်လင့်ချက်ကို နောက်စစ်ခေါင်းဆောင်တွေအပေါ်မှာ၊ အန်ကယ့် အနေနဲ့ မျှော်လင့်ချက်ထားလို့ မရဘူးလား။ ဥပမာ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်။ သူ့အောက်မှာ မျိုးဆက်သစ် ဂျူနီယာစစ်ခေါင်းဆောင်တွေဟာ၊ ဒါတွေ နားမဆန့်အောင် ကြားနေကြရမှာပဲ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ သူတို့ရဲ့ position က၊ သူတို့ရဲ့ ဆောင်ရွက်မှုကိစ္စအ၀၀ဟာ၊ သူတို့ဟာသူတို့ ဆောင်ရွက်ရင်း သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာရင်တော့၊ သူတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရဲကြလိမ့်မယ် လို့တော့၊ ကျနော် ထင်တာပဲ။ အဲဒီလိုပဲ တွက်ရတာပဲ။ ဟိုတုန်းကလည်း ဒီလိုပဲ။ ဦးနေဝင်းကြီး နားသွားပြီးတဲ့ နောက်၊ ၁၉၈၈ လူထုအုံကြွမှု ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ၊ ဗိုလ်စောမောင်ကို မွေးတယ်။ ဗိုလ်ခင်ညွှန့်ကို မွေး တယ်။ ဗိုလ်စောမောင်က စကားတွေ သိပ်ပြောလာတဲ့ အခါကျတော့၊ ဒုတိယခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ကို မွေးတယ်။ ဒုတိယခေါင်းဆောင်ကလည်း၊ သူ့ အနေအထားတွေ အင်အားတွေ တောင့်လာတဲ့ အခါကျတော့၊ သူ လုပ်နိုင်ပြီဆိုပြီး၊ ရှောက်လုပ်တာပဲ။ လုပ်တဲ့နေရာမှာ၊ လုပ်နည်းလုပ်ဟန်က မမှန်တော့ကာ၊ တိုင်းပြည်ဟာ ပြန်ပြီးတော့ သိပ်ပြီးတော့ ဒုက္ခသုက္ခတွေ ခံနေရတာပေါ့။ နောက် သူတို့ (မျိုးဆက်သစ်ဂျူနီယာ စစ်ခေါင်းဆောင်များ) ဟာသူတို့ ကိုယ်တိုင်လုပ်ရင်းနဲ့၊ သူတို့ဟာ သူတို့ ယုံကြည်ချက် ပြည့်လာတာမျိုး ဖြစ် လာရင်၊ လုပ်ရဲကိုင်ရဲ ဖြစ်လာရင်၊ အမှန်တရားအပေါ်မူတည်ပြီး လုပ်ကိုင်လာကြရင်တော့၊ တွေ့ဆုံဆွေးနွေး ရေးကို ရောက်ကိုရောက်လာရမယ်လို့၊ တွက်ကို တွက်ထားတာပဲ။ နောက်တခုကလည်း၊ ကျနော်တို့ မြန်မာ လူမျိုးတွေရဲ့ စိတ်ဓါတ်ကလည်း၊ သိတဲ့အတိုင်းပဲ ဗျ။ အခု အများတကာတွေက၊ တိုင်းပြည်ထဲမှာ ပြောနေတာ က၊ ကျနော်တို့ တိုင်းပြည်ဟာ နိုင်ငံကြီးတနိုင်ငံ (တရုတ်နိုင်ငံ) ရဲ့ ကြင်ယာတော်နိုင်ငံ ဖြစ်သွားပြီ၊ နိုင်ငံကြီး တနိုင်ငံရဲ့ အစိပ်အပိုင်း ဖြစ်သွားပြီလို့။ အဲဒီလို အတွေးအခေါ်တွေက ပြည်တွင်းထဲမှာ များလာတယ်ဗျ။ အဲဒီ တော့ သူတို့ (မြန်မာအစိုးရ) လည်းပဲ၊ ဒါတွေကို ကြားနေကြရတော့၊ ပြင်ရတော့မယ်ဆိုတာကို သဘောပေါက် လာကြရင်၊ ဘာပြောပြော သူတို့ အားကိုးမှီနိုင်ရာ သူတို့အတွက် မိတ်ကောင်းဆွေကောင်းကိုတော့၊ သူတို့ ရှာ ကြရမှာပဲ ဗျ။
ဦးရော်နီညိမ်း ။ ။ အခု ဂျွန်မက်ကိန်းလာတဲ့ ခရီးစဉ်မျိုးက၊ သူတို့တွေအတွက် လက်တွေ့ပဲ။ တခြားနိုင်ငံ တွေက ကမ္ဘာပေါ်မှာ နံပါတ်(၁)ဖြစ်နေတဲ့ နိုင်ငံတွေက၊ ငါတို့အပေါ် ဘယ်လို သဘောထားလဲ၊ ငါတို့ဟာ ဘယ် လိုဖြစ်နေလဲ၊ ကမ္ဘာပေါ်မှာ အများရဲ့အမြင်က၊ ဘယ်လိုရှိလဲ၊ သူများတွေက ငါတို့အပေါ်မှာ ဘယ်လို မြင်နေ သလဲ။ ဒါမျိုးတွေ ပိုသိလာတာပေါ့။ မျိုးဆက်သစ်ကို ဘာကြောင့် တွက်ကြည့်ရတာလဲဆိုတော့၊ အန်ကယ့်တုန်း ကနဲ့ ကျနော်တို့က ပြန်ပြီး ယှဉ်ကြည့်တာ။ အန်ကယ့်တုန်းကလည်း၊ ဘာပဲပြောပြော၊ အန်ကယ် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့အချိန်မှာ၊ အပေါ်က ဦးနေဝင်းတို့ ဦးစန်းယုတို့ လုပ်တာတွေကို၊ အန်ကယ် မကြိုက်တာတွေ သဘောထားကွဲလွဲတာတွေ ရှိခဲ့တာပဲ။ အဲဒီတော့ အန်ကယ်တောင်မှ အဲဒါမျိုး အမှန်ကို မြင်လို့၊ ဦးနေဝင်းတို့ ဦးစန်းယုတို့နဲ့ အတွေးအခေါ်အရ၊ လမ်းက ကွဲလာပြီးသား၊ အဲဒါကိုလည်း အခု ကျနော်တို့က ပြန်မြင်ကြည့်လို့ အဲဒါတွေကို တွေ့တာပဲ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ collective leadership (စုပေါင်းခေါင်းဆောင်မှု) ပေါ့ဗျာ။ နောက်ပြီးတော့ အများ စု ဒီမိုကရေစီအရ လိုက်နာတာကို လုပ်ရမယ်။ အနည်းစုရဲ့ ပြောတာဆိုတာတွေကိုလည်း၊ လေးစားရမယ် ဆို တော့၊ ဒါတွေကို ယုံကြည်ခဲ့တာကိုး။ တကယ်တမ်းကျတော့ မဟုတ်ဘူးဗျ။ ထိပ်ပိုင်းကို ရောက်လာတော့၊ ဒီ စနစ်ကြီးကို သံသယက ဝင်လာတယ်။
ဦးရော်နီညိမ်း ။ ။ အန်ကယ်ကိုယ်တိုင်က ကာကွယ်ရေးဦးစီးချုပ်လုပ်လာတဲ့ အခါကျတော့၊ အခု ကာကွယ် ရေးဦးစီးချုပ်နဲ့ အောက်ပိုင်း ဂျူနီယာစစ်ခေါင်းဆောင်တွေကို၊ အန်ကယ် မျှော်လင့်ချက် မထားနိုင်ဘူးလား။ ဘာ့ကြောင့်လဲဆိုတော့၊ အန်ကယ့်တုန်းကတောင် ခုနလို ကွဲလွဲလာသေးတာပဲ။ အဲဒီတော့ အန်ကယ်ကာကွယ် ရေးဦးစီးချုပ်ဖြစ်နေတုန်းက၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ဗိုလ်လောင်းလေးပဲ ရှိသေးတယ်။ အဲဒီအခါကျ တော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အောက်ဘက်က မျိုးဆက်သစ် ဂျူနီယာစစ်ခေါင်းဆောင်တွေကို၊ အန် ကယ် မမျှော်လင့်ဘူးလား ဆိုတာ၊ ကျနော် နောက်ဆုံး သိချင်ပါတယ် ခင်ဗျ။ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာ အောင်လို့။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ မျှော်လင့်တယ်။ မျှော်လင့်တယ်။ လူငယ်တွေကို မျှော်လင့်တယ်။ အမှန်ကတော့ ဆန်းသစ်လာတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ (အမျိုးသား ဒီမိုကရေစီ) အဖွဲ့ချုပ်ရုံးမှာ၊ အဖွဲ့ချုပ်ဝင်လူငယ်တွေရော တခြား ဒီမိုကရေစီအင်အားစုတွေက လူငယ်တွေရော ဒီမိုကရေစီအဖွဲ့တွေမဟုတ်တဲ့ သူတို့ဟာသူတို့ တိုင်းပြည်ကိုချစ်တဲ့၊ တိုင်းပြည်ကောင်းရာကောင်းကျိုးကို လို လားကြတဲ့ ကလေးမလေးတွေ ကလေးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရှိတုန်းက (နောက်ဆုံးတခေါက် အကျယ် ချုပ်မကျခင်)၊ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးလိုက်ကြတာတွေဟာ သိပ်အားရစရာကောင်းတယ်။ သူတို့တွေးတာ ခေါ်တာ၊ ပွင့်ပွင့်လင်းလင်းပြောသွား တာတွေဟာ တကယ်ကောင်းတယ်။ အဲဒီလို generaltion က ရှိနေတော့၊ အဲဒီ generation က၊ လာမှာပဲ ခင်ဗျ။ ဒါကြောင့် ဂျွန်မက်ကိန်းက ပြောသွားတာ။ evolutionary နည်းနဲ့ သွား မယ်ဆိုရင်လည်း၊ လုပ်ကြပါ၊ ဒီလိုမှ မလုပ်ဘူး ဆိုရင်တော့၊ ခင်ဗျားတို့တိုင်းပြည်ဟာ revolutionary နဲ့ သွား တဲ့နည်းနဲ့ နောက်ဆုံးမှာ တွေ့ကို တွေ့ရတော့မယ်။ ဒါဆိုရင်တော့ မဟုတ်တော့ဘူးလို့၊ သူက သေသေချာချာ ကို ထောက်ပြသွားတာပဲလေ။
ဦးရော်နီညိမ်း ။ ။ မကြာသေးခင်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့၊ အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် John McCain နဲ့ တွေ့ဆုံခဲတဲ့၊ မြန်မာ့တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးကို၊ တွေ့ ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး၊ ဆက်သွယ်မေးမြန်းဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။