သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် မငြိမ်သက်မှု ကူးစက်ပျံနှံလေမလား


ကချင်ပြည်နယ် မငြိမ်သက်မှု ကူးစက်ပျံနှံလေမလား
ကချင်ပြည်နယ် မငြိမ်သက်မှု ကူးစက်ပျံနှံလေမလား

ကချင်ပြည်နယ်အတွင်း အခု လတ်တလောဖြစ်လာတဲ့ စစ်ပွဲတွေဟာ အခြားဒေသတွေကို ကူးစက်ပျံ့နှံ့လာမလား သုံးသပ်ဆွေးနွေးထားပါတယ်။

ဇွန်လ ၁၈၊ ၂၀၁၁။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်နေတဲ့ မငြိမ်သက်မှု စစ်ပွဲမီးပွားတွေအကြောင်းကို အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ မီးမောင်းထိုး ဆွေးနွေးထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကတော့ အခုဖြစ်နေတဲ့ အခြေအနေဟာ ပြည်တွင်းစစ်အထိ အန္တရာယ်ကြီးလာနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံ ကိုယ်တိုင်ကလည်း အခြေအနေတွေအပေါ် စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောလာပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မငြိမ်သက်မှုဟာ မြန်မာနိုင်ငံ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လောက်အထိ ရိုက်ခတ်မှုရှိမလဲ၊ ကချင်ပြည်နယ် အခုဖြစ်ပွားတဲ့စစ်ပွဲတွေဟာ တရုတ်နိုင်ငံ အကျိုးစီးပွား အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေနဲ့ရော ဘယ်လောက် ပတ်သက်နေသလဲ ဆိုတာတွေကို ဆွေးနွေးထားပါတယ်။

အဓိက ပါဝင်ဆွေးနွေးထားသူတွေကတော့ ပြည်ပအခြေစိုက် KNO ကချင်အမျိုးသားအစည်းအရုံး အမေရိကန်ရုံးခွဲတာဝန်ခံ ဦးဂွန်ဆန်၊ ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းနဲ့ ဗဟုဖွံဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းတို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG