သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီ ရပ်တည်ခွင့်


Burmese democracy icon Aung San Suu Kyi addresses NLD youths during a meeting at the National League for Democracy (NLD) headquarters in Rangoon, June 28, 2011

ဇူလှိုင် ၂၊ ၂၀၁၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တရားဝင်မှတ်ပုံတင်ထားမှုမရှိတာကြောင့်၊ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းမပြုဖို့ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထဲရေးဝန်ကြီးက သတိပေးစာ ပေးပို့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ ဥပဒေကြောင်းအရ ရပ်တည်ပိုင်ခွင့်ရှိတယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး တွေ့ဆုံဆွေးနွေးလိုတယ်လို့ အကြောင်းပြန်ထားပါတယ်။ အစိုးရအာဏာပိုင်တွေဖက်ကတော့ တရားဝင် အကြောင်းပြန်တာ အခုအချိန်အထိ မတွေ့ရသေးပါဘူး။

အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို အာဏာပိုင်တွေက ကန့်သတ်တာနဲ့ ပတ်သက်လို့ အခု အပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့က ဥပဒေပညာရှင် ဦးအောင်သိန်းနဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့ အဓိက ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG