သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက် ၁၀၀ မြန်မာအစိုးရနဲ့ အပြောင်းအလဲလမ်းစ


ရက် ၁၀၀ မြန်မာအစိုးရနဲ့ အပြောင်းအလဲလမ်းစ

ဇူလှိုင် ၉၊ ၂၀၁၁။ နိုင်ငံတွေ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ အသစ်တက်လာတဲ့ အစိုးရတရပ် ဘယ်လောက် ရုပ်လုံးပေါ်လာပြီလဲဆိုတာကို ရက် ၁၀၀ တိုင်းတာပြီး သုံးသပ် စစ်ကြောလေ့ရှိပါတယ်။ အရင် ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း လူထုကို ပေးခဲ့တဲ့ ဂတိက၀တ်တွေ၊ အစိုးရဖွဲ့စည်းစမှာ ပြောခဲ့တဲ့ စကားတွေအပေါ် ဘယ်လောက် အကောင်အထည်ဖော်နိုင်ပြီလဲ၊ ပြောသလို အပြောင်းအလဲအတွက် လမ်းစတွေ မြင်ရပြီလား တွက်ချက် သုံးသပ်ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲရလဒ်ကနေ အရွေးခံခဲ့ရတဲ့ အနိုင်ရကြံခိုင်ရေးပါတီရဲ့ အစိုးရအဖွဲ့ဟာ ဇူလှိုင် ၈ ရက်နေ့မှာ ရက် ၁၀၀ တင်းတင်း ပြည့်ပါတယ်။ သမတသစ် ဦးသိန်းစိန်းဟာလည်း ကျိန်းသစ္စာဆိုမိန့်ခွန်းထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအပြောင်းအလဲ၊ လူ့အခွင့်အရေး၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး စသဖြင့် လူထုမျှော်လင့်ချက်အတော်များများကို ထည့်သွင်း ပြောဆို ဂတိပြုသွားပါတယ်။

ဒါကြောင့် အခု ရက် ၁၀၀ ပြည့်ကာလ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေဟာ အားလုံးမျှော်လင့်တဲ့အပြောင်းအလဲအတွက် လမ်းစ တခုခုမြင်ရပြီလား၊ အရပ်သားအစိုးရတရပ်အဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာခဲ့ပြီလား သုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့က NGO အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းနဲ့၊ BMA မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်တို့ အဓိက ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG