သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးပြောင်းလဲမှုမပါတဲ့ စီးပွားရေးပြုပြင်မှု အလုပ်ဖြစ်နိုင်ပါ့မလား


နိုင်ငံရေးပြောင်းလဲမှုမပါတဲ့ စီးပွားရေးပြုပြင်မှု အလုပ်ဖြစ်နိုင်ပါ့မလား

အခြေခံနိုင်ငံရေးအဆောက်အအုံတွေ အားနည်းပြီး နိုင်ငံရေးလွတ်လပ်ခွင့်တွေမပါပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ ရေရှည်တည်တံ့တဲ့ ဖွံဖြိုးမှုဖြစ်နိုင်ပါ့မလား မေးခွန်းထုတ်ထားပါတယ်။

သြဂုတ် ၁၃၊ ၂၀၁၁။ တိုင်းပြည်ပြန်လည်ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်မှုမှာ ဘယ်အချက် ပိုအရေးပါသလဲဆိုတာ အသွင်ကူးပြောင်းမှုလေ့လာချက်တွေမှာ မရိုးနိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။

မြန်မာအစိုးရသစ်ဟာ စီးပွားရေးအရပြုပြင်မှုတွေ လုပ်ဖို့ ပြင်ဆင်ဆောင်ရွက်လာတာတွေရှိပါတယ်။ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းကို ပြန်လည် သတ်မှတ်ဖို့ ကြိုးပမ်းတဲ့အရိပ်အယောင်တွေ၊ ပို့ကုန်ပစ္စည်း အခွန်ငွေ လျှော့ချပစ်တာ၊ IMF အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ကို ဖိတ်ခေါ်ပြီး ငွေကြေးဆိုင်ရာပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတာ၊ ပြည်သူပိုင်လုပ်ငန်း ပုဂ္ဂလိကပိုင်ပြုလုပ်တာ၊ ဆင်းရဲမွဲတေမှုလျော့ချရေး အစီအမံတွေ ဆွဲနေတာ စတဲ့အချက်တွေ တွေ့နေရပါတယ်။ နိုင်ငံရေးမှာတော့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာ တွေ့လာရပါတယ်။

အစိုးရသစ်ရဲ့ ခြေလှမ်းဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဘယ်ဖက်ကို ယိမ်းသလဲဆိုတာ လေ့လာသူတွေနဲ့ အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ဒါ့အပြင် အခြေခံနိုင်ငံရေးအဆောက်အအုံတွေ အားနည်းပြီး နိုင်ငံရေးလွတ်လပ်ခွင့်တွေမပါပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ ရေရှည်တည်တံ့တဲ့ ဖွံဖြိုးမှုဖြစ်နိုင်ပါ့မလား မေးခွန်းထုတ်ထားပါတယ်။

စာရေးဆရာ မောင်ဝံသ၊ ဗဟုဖွံဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်း၊ သီပေါမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဦးရဲထွန်းတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG