သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအရ ညှိုနှိုင်းအဖြေရှာနိုင်တဲ့ လမ်းကြောင်းပေါ်လာပြီလား


နိုင်ငံရေးအရ ညှိုနှိုင်းအဖြေရှာနိုင်တဲ့ လမ်းကြောင်းပေါ်လာပြီလား
နိုင်ငံရေးအရ ညှိုနှိုင်းအဖြေရှာနိုင်တဲ့ လမ်းကြောင်းပေါ်လာပြီလား

လက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ အပြောင်းအလဲလမ်းစတခုကို တကယ်ပဲ ဦးတည်နေပြီလား၊ အာဏာပိုင်တွေနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းတခု အစပြုလာပြီလား

သြဂုတ် ၂၇၊ ၂၀၁၁။ နိုင်ငံတော်သမတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တနာရီနီးပါး တွေ့ဆုံမှုဟာ မြန်မာ့နိုင်ငံရေးမှာ အတော်လေး ဂယက်ထခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရကျင်းပတဲ့ စီးပွားရေးဖွံဖြိုးမှုဆိုင်ရာအမျိုးသားအဆင့်ဆွေးနွေးပွဲကို တတ်ရောက်တာ၊ အဲဒီမှာပဲ ပြည်ထောင်စုဝန်ကြီးအချို့နဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့တာ၊ ပြည်ပရောက်တွေပြန်ခေါ်မယ်ဆိုပြီး သမတဦးသိန်းစိန်ပြောဆိုတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းတာ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လွှတ်တော်က သမတကို အဆိုပြုတာ စတဲ့ နိုင်ငံရေးအရဖြစ်ထွန်းတိုးတက်မှုတွေ ဆက်တိုက်တွေ့လာရပါတယ်။

အခြေအနေတွေ သဘောထားအပြောင်းအလဲတွေက အတော်လေး မြန်လွန်းတော့ စိုးရိမ်သူတွေလည်းရှိပါတယ်၊ အားရကျေနပ်သူတွေရှိသလို၊ အပြောင်းအလဲတွေ လက်တွေ့အကောင်အထည်မမြင်ရသေးလို့ သံသယနဲ့စောင့်ကြည့်သူတွေလည်း ရှိပါတယ်။

ဒါကြောင့် အခုလက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ အပြောင်းအလဲလမ်းစတခုကို တကယ်ပဲ ဦးတည်နေပြီလား၊ အာဏာပိုင်တွေနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းတခု အစပြုလာပြီလား ဒီအခြေအနေကို သုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီခေါင်းဆောင် ဦးမျိုးညွန့်နဲ့ သတင်းစာဆရာ မောင်သာမညတို့က အဓိက ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG