သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ ပြည်ပမီဒီယာတွေ မြန်မာနိုင်ငံက ရွေးကောက်ပွဲက ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ပြည်ဝင်ခွင့်မပေးဘူးလို့ မြန်မာအာဏာပိုင်တွေက ယတိပြတ် ပြောလိုက်ပါပြီ။

နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ ပြည်ပမီဒီယာတွေ မြန်မာနိုင်ငံက ရွေးကောက်ပွဲက ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ပြည်ဝင်ခွင့်မပေးဘူးလို့ မြန်မာအာဏာပိုင်တွေက ယတိပြတ် ပြောလိုက်ပါပြီ။ ဒါကြောင့် နိုဝင်ဘာ ၇ ရက်နေ့လုပ်မယ့် ရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိမရှိ လွတ်လပ်မှု ရှိမရှိ စောင့်ကြည့်ဖို့ ရာ မြန်မာနိုင်ငံတွင်းက အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ ပြည်တွင်း မီဒီယာတွေပဲ လုပ်ဆောင်နိုင်မယ့် အခြေအနေရှိပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲစောင့်ကြည့်နိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်သလဲ၊ စောင့်ကြည့်နိုင်မယ့် အနေအထားရော ရှိရဲ့လား စသဖြင့် အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးကြမှာပါ။

NDF အမျိုးသားဒီမိုကရေစီအင်အားစု က ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာမြတ်ဥာဏစိုးနဲ့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှုး ဦးအောင်ထူးတို့နဲ့ မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

XS
SM
MD
LG