သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြို အခင်းအကျင်း


ရွေးကောက်ပွဲအကြို အခင်းအကျင်း
ရွေးကောက်ပွဲအကြို အခင်းအကျင်း

တရားဝင် မဲပေးရက်မတိုင်ခင်မှာ ကြိုတင်မဲ ကိစ္စတွေက အတော်လေး ဂယက်ဖြစ်နေပါတယ်။ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး သတင်းတွေ အတော်များများ ရရှိထားပါတယ်။

နိုဝင်ဘာ ၆၊ ၂၀၁၀။ မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်၂၀အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မှာပါ။ မနက်ဖန် မဲပေးရက်ဆိုပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာ မနေ့ နိုဝင်ဘာ ၅ ရက်နေ့ကတည်းက မဲရုံတွေမှာ ဘယ်သူမဆို ကြိုတင်မဲတွေ သွားပေးနိုင်ကြပါပြီ။ ဒီမတိုင်ခင်ကလည်း နေရာအချို့မှာ ကြိုတင်မဲ ကောက်ခံမှုတွေ ရှိခဲ့ပါတယ်။ တရားဝင် မဲပေးရက်မတိုင်ခင်မှာ ကြိုတင်မဲ ကိစ္စတွေက အတော်လေး ဂယက်ဖြစ်နေပါတယ်။ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး သတင်းတွေ အတော်များများ ကျနော်တို့ ရရှိထားပါတယ်။

ဒီတော့ လက်ရှိ မဲရုံတွေအခြေအနေ ကြိုတင်မဲတွေအခြေအနေနဲ့ ရွေးကောက်ပွဲအကြို အခင်းအကျင်းတွေကိစ္စကို ဒီအပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူ နှစ်ဦးရှိပါတယ်။ တဦးက အမျိုးသားဒီမိုကရေစီအင်အားစု NDF က အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်မယ့် ဒေါက်တာမြတ်ဉာဏစိုးရှိပါတယ်။ နောက်တဦးကတော့ ဒီမိုကရက်တစ်ပါတီကနေ အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်မယ့် ဦးလှဌေးဖြစ်ပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်တဦးလည်းရှိပါတယ်။ သူက ကိုကောင်းမြတ်ထွတ်ပါ၊ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ ပြိုင်ရမယ့် သူဖြစ်ပါတယ်။

XS
SM
MD
LG