သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာ့နိုင်ငံရေးအလားအလာ


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာ့နိုင်ငံရေးအလားအလာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး ဖြစ်လာနိုင်ချေ နိုင်ငံရေးအနေအထားကို ဆွေးနွေးထားပါတယ်။

နိုဝင်ဘာ ၁၃၊ ၂၀၁၀။ နေအိမ်အကျယ်ချုပ် ထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ညနေပိုင်းမှာ ပြန်လွတ်မြောက်လာပါပြီ။ ပြည်သူတွေရော နိုင်ငံရေးပါတီတွေကပါ ၀မ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။

ဒီကနေ ပုံမှန်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းဖြစ်ပါတယ်။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်လဲ လွတ်မြောက်လာပြီဆိုတော့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခြေအနေ တဖြစ်လဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီး နိုင်ငံရေးအခြေအနေကို ဆွေးနွေးကြမှာပါ။

ပင်တိုင် ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားသူ နှစ်ဦးရှိပါတယ်။ တဦးက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ဖြစ်ပါတယ်။ နောက်တဦးကတော့ ပြည်ထောင်စုဒီမိုကရေစီ ဥက္ကဌဟောင်း၊ ၈၈ ကျောင်းသား ကိုဖြိုးမင်းသိန်းဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့ မြင်ကွင်းမှာ ကိုယ်တိုင်ရှိနေသူဖြစ်ပါတယ်။

XS
SM
MD
LG