သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းဂျာနယ်တွေမှာ ချဲ့ယူလာတဲ့ နိုင်ငံရေးသတင်းများ


A trishaw man reads a newspaper reporting elections as he awaits passengers on Monday, Nov. 8, 2010, in Yangon, Myanmar. Myanmar's secretive military-ruled government gave no sign Monday of when results from the country's first election in two decades wou

ပြည်တွင်းသတင်းသမားတွေဟာ ကန့်သတ်ဖိနှိပ်မှုကြားကပဲ နိုင်ငံရေးသတင်းတွေကို ပိုမို ထည့်နိုင်ဖို့ ကြိုးစားလာကြပါတယ်။

နိုဝင်ဘာ ၂၇၊၂၀၁၀။ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေမှာ ဖိနှိပ်ကန့်သတ်မှုတွေ အတော်လေးရှိနေတဲ့ကြားကပဲ ရွေးကောက်ပွဲကာလ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့အချိန်မှာ ပြည်တွင်းသတင်းမီဒီယာတွေဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့သတင်းနဲ့ နိုင်ငံရေးသတင်းတွေ ဖော်ပြနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါတဲ့ ဂျာနယ်တွေဆိုရင် အရောင်းပြတ်တဲ့အထိ စာဖတ်ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။

RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကလည်း မြန်မာနိုင်ငံတွင်းက သတင်းသမားတွေ သတင်းအယ်ဒီတာတွေရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေဖက်ကတော့ သတင်းဂျာနယ်အတော်များများ ထုတ်ဝေခွင့်ကို ယာယီရပ်ဆိုင်းပြီး၊ သတင်းအယ်ဒီတာတွေကို ခေါ်ယူသတိပေးတာတွေ လုပ်လာပါတယ်။

ပြည်တွင်း သတင်းသမားတွေ သတင်းအယ်ဒီတာတွေရဲ့ အခုလို စွန့်စွန့်စားစား သတင်းရယူဖော်ပြတာတွေဟာ မြန်မာ့သတင်းလောကအတွက် အားရကျေနပ်စရာပါ။

ဒီသတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ သတင်းသမားတွေနဲ့ အခု လက်ရှိ မြန်မာသတင်းလောကအခြေအနေကို ဆွေးနွေးကြမှာပါ။ အထူးသဖြင့်တော့ ပြည်တွင်းသတင်းလွတ်လပ်ခွင့်တွေကို ဘယ်လောက်အထိ ချဲ့ယူလာနိုင်မလဲဆိုတဲ့ သတင်းသမားတွေရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးကြဖို့ရှိပါတယ်။

ပင်တိုင်ပါဝင်ဆွေးနွေးသူ နှစ်ဦးရှိပါမယ်။ တဦးကတော့ ရန်ကုန်အခြေစိုက် သတင်းသမား ကိုမြင့်ကျော်ဖြစ်ပါတယ်။ နောက်တဦးကတော့ ပြည်တွင်းစာနယ်ဇင်းနဲ့မစိမ်း ပြည်ပသတင်းလောကမှာလည်း ကျင်လည်နေတဲ့ စာရေးဆရာ မောင်သာမညဖြစ်ပါတယ်။

XS
SM
MD
LG