အမေရိကန်ပြည်ထောင်စုမှာ စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို အရပ်ဖက်လုပ်ငန်းတွေမှာ အလုပ်ခန့်ထားရေးအတွက် ဥပဒေတရပ် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ စစ်ပြန် စစ်မှုထမ်းဟောင်းတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေပေးမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ အခွန်နဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေ ရနိုင်မယ့် ဥပဒေကြမ်းကို အတည်ပြု လက်မှတ်ထိုးဖို့ သူ့အနေနဲ့ အဆင်သင့်ပါပဲဆိုပြီး သမ္မတအိုဘားမားက ပြောဆိုပါတယ်။ ရီပတ်ဗလစ်ကန်ပါတီဘက်ကလည်း ဒီလို စစ်ပြန်စစ်မှုထမ်းဟောင်းတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရေး ကိစ္စကို အဓိကထားပြီး အပတ်စဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒီအကြောင်းတွေကို ဒီတပတ် အစီအစဉ်မှာ ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
စစ်ပြန်တွေအတွက် အလုပ်အကိုင် ဖန်တီးရေး သမ္မတအိုဘားမားပန်ကြား
- Thein Oo
စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို အရပ်ဖက်လုပ်ငန်းတွေမှာ အလုပ်အကိုင်ခန့်ထားရေး ဥပဒေတရပ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။