အမေရိကန် ဗဟိုအစိုးရ ရသုံးလိုငွေ ကွာဟချက်တွေ လျော့ချရေး အဆိုပြုချက်တွေ တင်သွင်းရမယ့် Super Committee ခေါ် ပါတီနှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ ကော်မတီဟာ အချိန်မှီ အဆိုပြုချက်တင်သွင်းဖို့ သဘောတူညီချက် မရသေးပါဘူး။ အဆိုပြုချက်တွေ တင်ဖို့ ပျက်ကွက်မယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ပြည်တွင်း အစီအစဉ်တွေနဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်တွေကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းကစပြီး အလိုအလျှောက် ဖြတ်တောက်ရမှာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ တင်ပြပါလိမ့်မယ်။
ရသုံးလိုငွေကွာဟချက် ဖြေရှင်းရေးကော်မတီ သဘောတူညီချက်မရ
- Thein Oo
ဗဟိုအစိုးရ ရသုံးလိုငွေ ကွာဟချက် လျော့ချရေး လွှတ်တော်က ဖွဲ့ထားတဲ့ Super Committee အဖွဲ့ဝင်တွေ အချိန်မှီအဆိုပြုချက်တွေ မတင်နိုင်ဘဲဖြစ်နေပါတယ်။