ဒီဇင်ဘာ ၁၈၊ ၂၀၁၀။ နိုင်ငံတကာဖွံဖြိုးရေးအကူအညီတွေဟာ အရပ်သားလူထုအခြေပြုအဖွဲ့အစည်းတွေ အားကောင်းရေးအတွက် ဖြစ်သင့်တယ်လို့ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုခံထားရတာနဲ့အတူ၊ နိုင်ငံတကာရဲ့ ဖွံဖြိုးရေးဆိုင်ရာ အကူအညီတွေလည်း မရရှိပဲ ဖြစ်နေပါတယ်။ အဖက်ဖက်က ဖွံဖြိုးမှု ကျဆင်းလာတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အထောက်အပံ့အကူအညီတွေ အခုအချိန်မျိုး ပေးသင့်ပါသလား။ ထိရောက်အောင် ဘယ်လိုပုံစံမျိုးနဲ့ အကူအညီတွေ ပေးသင့်ပါသလဲ။
ဒီအပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ နိုင်ငံတကာအကူအညီတွေကိစ္စကို ဆွေးနွေးထားပါတယ်။ ဗဟု ဖွံဖြိုးရေးအဖွဲ့က ကိုအောင်သူငြိမ်းနဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဖြူဖြူသင်းတို့နဲ့ ဆွေးနွေးထားပါတယ်။