သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလီးဝုဒ်နဲ့ ဗိုလ်ချုပ်ရုပ်ရှင်


ဟောလီးဝုဒ်နဲ့ ဗိုလ်ချုပ်ရုပ်ရှင်

အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးရေးလုံးပမ်းနေတဲ့ လူရွှင်တော် ဇာဂနာရဲ့ပြောဆိုချက်တွေကို နားဆင်ရမှာပါ ။ လာမယ့်၂၀၁၅ခုနှစ်မှာကျရောက်မယ့် မြန်မာ့လွတ် လပ်ရေးခေါင်း ဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့်အထိမ်းအမှတ် အဖြစ် ရုပ်ရှင်ဇတ်ကားရိုက်ကူး ထုတ်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့ ရုပ်ရှင်လောကသားတွေ ကြိုးပမ်းနေကြပါတယ်။ နိုင်ငံ တကာအဆင့်မှီ ရုပ်ရှင်ဇတ်ကား ဖြစ်လာအောင် ဟောလီးဝုဒ်ရုပ်ရှင်လောက ကို ချဉ်းကပ်သွားဖို့ ပြင်ဆင်နေ တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှာပါ ၀င်တဲ့ လူရွှင်တော် ဇာဂနာက ပြောပါတယ်။ ဗွီအိုအေ ၀ိုင်းတော်သူ မစုမြတ်မွန်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လူရွှင်တော် ဇာဂနာနဲ့ တွေ့ဆုံမေးမြန်းထားတာပါ။ ကိုကျော်အောင်လွင်က တင်ဆက်ပါလိမ့်မယ်။

XS
SM
MD
LG