အမေရိကန်ပြည်သူတွေဆီက အခွန်လျော့ကောက်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ ဒီဇင်ဘာလကုန်မှာ သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။ Super Committee လို့ခေါ်တဲ့ လွှတ်တော့်က ဖွဲ့ပေးထားတဲ့ ရသုံးလိုငွေ ကွာဟချက်လျော့ချရေး အထူး ကော်မတီအတွင်းမှာ သဘောတူညီချက်တွေမရတာကြောင့် အခွန်တွေတိုးကောက်တာ၊ အသုံးစရိတ်တွေ ဖြတ်တောက်တာတွေ အလိုအလျှောက် ဖြစ်လာတော့မယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်းတွေကို ဒီတပတ် ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။