သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ မွန်ဘိုင်းအကြမ်းဖက် တိုက်ခိုက်ခံရမှု မတိုင်ခင် FBI သတင်းကြိုတင်ရရှိ

၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် မွန်ဘိုင်းမြို့က Taj Mahal ဟိုတယ် (နိုဝင်ဘာ ၂၇၊ ၂၀၁၀)
၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် မွန်ဘိုင်းမြို့က Taj Mahal ဟိုတယ် (နိုဝင်ဘာ ၂၇၊ ၂၀၁၀)

အမေရိကန်တစ်ယောက်ဟာ ပါကစ္စတန်မှာ မွန်ဘိုင်းကို တိုက်ခိုက်မယ့် အုပ်စုနဲ့အတူ သင်တန်းတက် လေ့ကျင့်နေပြီး တိုက်ခိုက်မယ့် အစီအစဉ်ကို ကူညီနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးကို ၂၀၀၈ မွန်ဘိုင်းမြို့ တိုက်ခိုက်မှု မတိုင်မီ နှစ်အတော်ကြာကတည်းက အကြောင်းကြားခဲ့ကြောင်း ထင်ရှားတဲ့ သတင်းစာကြီးတစ်စောင်က ရေးသားပါတယ်။

၂၀၀၅ ခုနှစ် သြဂုတ်လမှာ သူ့ဇနီးသည်ဆီကနေ David Coleman Headley ရဲ့ အကြောင်း အရိပ်အမြွက်ကို FBI က ရရှိခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာကြီးက ဆိုပါတယ်။ သူမရဲ့ ယောက်ျားဟာ အစွန်းရောက် စစ်သွေးကြွအုပ်စု Lashkar-e-Taiba နဲ့ အဆက်အသွယ်ရှိပြီး အနီးကပ် လေ့ကျင်ရေး ရရှိနေပါတယ်လို့ FBI ထောက်လှမ်းရေးတွေကို သူမက ပြောခဲ့တယ်လို့ သတင်းစာက ဒီအမှုနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်ကို ကိုးကားပြီး တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံက မွန်ဘိုင်းမြို့ မှာ အကြမ်းဖက် တိုက်ခိုက်ရမယ့် နေရာတွေကို ထောက်လှမ်းကြည့်ရှုဖို့ Headley ဟာ ငါးကြိမ် သွားရောက်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒီသတင်းကို ဝါရှင်တန်ပို့စ် ဟာ စာနယ်ဇင်း ဆိုင်ရာ လူမှု အကူအညီပေးလှူဒါန်းရေး အဖွဲ့ ProPublica နဲ့အတူ ရေးသားခဲ့တာပါ။

တိုက်ခိုက်မှုက သုံးရက်ကြာခဲ့ပြီး ၁၆၆ ယောက် သေဆုံးခဲ့ပြီး လူ ၃၀၀ ကျော် ဒဏ်ရာ ရသွားခဲ့ကြပါတယ်။

FBI က Headley ရဲ့ ဇနီးကို သုံးကြိမ် တွေ့ဆုံမေးမြန်းခဲ့ပေမဲ့ Headley ဟာ ကမ္ဘာတဝှမ်း လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့ပါတယ်။ မွန်ဘိုင်း တိုက်ခိုက်မှုအပြီး ၁ နှစ် အကြာမှ သူ အဖမ်းခံရတာပါ။ အခုတော့ အမေရိကန်က သူ့ကို ထိန်းသိမ်းထားပါတယ်။

This item is part of
XS
SM
MD
LG