သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်နဲ့ သီးသန့် တွေ့ဆုံမေးမြန်းချက်


လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ တွေ့မြင်နေရတဲ့ အထဲက အကောင်းဆုံးတခု ဖြစ်တယ်၊ ဘယ်ဖက်ကမှ အရှုံးမပေါ်နိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချဲလ် (Derek Mitchell) က ပြောလိုက်ပါတယ်။ ရှေ့သီတင်းပတ်မှာ မြန်မာနိုင်ငံကို သီတင်းတပတ်ကြာ မသွားရောက်မီ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး ကို ဦးကျော်ဇံသာ က ဝါရှင်တန် ဒီစီ မှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံ မေးမြန်းရာမှာ ပြောဆိုလိုက်တာပါ။ အမေရိကန် သံတမန် မစ်ချဲလ် နဲ့ ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာ သီးသန့် မေးမြန်းချက် အပြည့်အစုံကို အသံနဲ့ နားဆင်နိုင်ပါတယ်။

XS
SM
MD
LG