သုံးရလွယ်ကူစေသည့် Link များ

၂၀၀၁ ခုနှစ် အမေရိကန်ပြည်ထောင်စု အကြမ်းဖက် တိုက်ခိုက်မှု ကြံစည်ဆောင်ရွက်မှုနဲ့ စွပ်စွဲခံထားရတဲ့ ဂွါတာနာမို အကျဉ်းစခန်းက အကျဉ်းသား ၅ ယောက်ရဲ့ စနေနေ့က အမှု ကြားနာပွဲမှာ စွပ်စွဲခံရသူတွေက နှုတ်ဆိတ် ဆန္ဒပြခဲ့ကြတာကြောင့် ကြားနာမှုအတွင်း အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကို စီစဉ်ဆောင်ရွက်သူလို့ သူ့ကိုယ်သူ ပြောထားတဲ့ Khalid Sheikh Mohammed နဲ့ သူ့အပေါင်းအပါ လေးယောက်တို့ဟာ ဘာသာပြန်ရဲ့အသံကို နားထောင်တဲ့ နားကျပ်တွေကို ဖယ်ရှားပြီး စစ်တရားသူကြီးမေးတဲ့ မေးခွန်းမှန်သမျှကို ဖြေဆိုဖို့ ငြင်းဆိုခဲ့ကြပါတယ်။ အမှုစစ်ဆေး ဆောင်ရွက်မှုတွေ တရား မျှတမှု မရှိမှာကို စိုးရိမ်တဲ့အတွက် အခုလို မိုဟာမတ်က ဘာကိုမှ မတုံ့ပြန်ဘဲနေခဲ့တာလို့ သူ ယူဆတဲ့အကြောင်း မိုဟာမတ်ရဲ့ အရပ်ဘက် ရှေ့နေ David Nevin က ပြောပါတယ်။

သူတို့ကို ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ တရားစွဲမလဲဆိုတဲ့ အပေါ် တရားရေးအရရော နိုင်ငံရေးအရပါ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားကပဲ ဒီလူငါးယောက်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားရာ ကျူးဘားနိုင်ငံ ဂွါတာနာမို ပင်လယ်အော်က အမေရိကန် စစ်အခြေစိုက်စခန်းမှာ စနေနေ့က ကြားနာမှု လုပ်ခဲ့တာဖြစ်ပါတယ်။ စွပ်စွဲခံရသူ ငါးယောက်ဟာ လူပေါင်း ၃ ထောင်နီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်၊ ၀ါရှင်တန်နဲ့ Shanksville Pennsylvania ပြည်နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျူးလွန်သူတွေအဖြစ် စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ သူတို့တွေ သေဒဏ်ချမှတ်ခံကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG