သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အထိမ်းအမှတ်နေရာ စတင်ဖွင့်လှစ်


9/11 အထိမ်းအမှတ်နေရာ စတင်ဖွင့်လှစ်
9/11 အထိမ်းအမှတ်နေရာ စတင်ဖွင့်လှစ်

အမေရိကန်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော် အဆောက်အဦးကြီး ၂ ခု အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခံရပြီး ဆယ်စုနှစ်တစုကျော် အကြာမှာ စက်တင်ဘာ ၁၁ ရက် အမျိုးသား အမှတ်တရ အထိမ်းအမှတ် နေရာတခုကို နယူးယောက်မြို့မှာ တနင်္လာနေ့က အများပြည်သူတွေအတွက် ဖွင့်လှစ်လိုက်ပါတယ်။

ရေတံခွန်မပြတ် စီးကျနေတဲ့ လေးထောင့် ရေကန်ကြီးရဲ့ ဘေးပတ်ပတ်လည်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နဲ့ ၁၉၉၃ ခုနှစ်တို့အတွင်း ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ ဗုံးကွဲမှုတို့မှာ သေဆုံးခဲ့ရသူတွေရဲ့ အမည်နာမ ရေးသားထားတာကို လာရောက် ကြည့်ရှုသူတွေ မြင်ကြရမှာ ဖြစ်ပါတယ်။

ပြိုကျ ပျက်စီးသွားတဲ့ မိုးမျှော်တိုက်ကြီး ၂ ခုရဲ့ အခြေတည်ရှိရာ အောက်မှာ လိပ်သည်းကျောက် အမည်းတွေနဲ့ တူးဖော်ထားတဲ့ကန် ဖြစ်ပါတယ်။ ပုံသဏ္ဌာန်ကတော့ တမိုင်ကျော်လောက် အကျယ်အဝန်းရှိပြီး အံစာတုံးပုံ ဖြစ်ပါတယ်။

ပတ်ပတ်လည် တဝိုက်မှာလည်း သစ်ပင်ပေါင်း ၁၀၀ ကျော် စိုက်ပျိုးထားပြီး မြောက်အမေရိကမှာ လူတွေ ပြုလုပ် ဖန်တီးတဲ့ အကြီးဆုံး ရေတံခွန်လို့လည်း ပြောဆိုပါတယ်။

XS
SM
MD
LG